Latest Comments

နောက်ဆုံး ဆောင်းပါးများ

  • ရေးမိရေးရာ
    Written by မိုးဝေ

    မင်္ဂလာဆောင် အကြောင်းပြချက်နဲ့ အလုပ်တွေကို ဘေးဖယ်၊ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရင်း ပြေးပြေးလွှားလွှားနဲ့ ဒီဇင်ဘာ တစ်လတာ ကုန်ဆုံးခဲ့ရတယ်။ ဖိတ်စာတွေ ပို့ရတဲ့ အချိန်ရောက်ပြန်တော့လည်း အဒေါ်တွေ၊ ဦးလေးတွေဆီက ကားတွေ တစ်လှည့်စီ ငှားပြီး ကြံ့ခိုင်မှု သိပ်မကောင်းလှတဲ့ လက်စွဲတော် မာစတာဂျစ်ကို ခဏ ဘေးထိုးခဲ့ရသေးတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိုးရိမ်မှုတွေ၊ ငြင်းခုန်မှုတွေက ပိုများနေလို့ ထင်ပါရဲ့ သူများတွေက ပျော်နေလား မေးတိုင်း အဖြေမှန်က ထွက်မလာခဲ့ဘူး။ ဒီလိုနဲ့ ဒီလိုပါပဲဗျာလို့ ဖြေရင်း ဒီဇင်ဘာ ၂၅ကို ရောက်ခဲ့တယ်။ မိသားစု၊ ဆွေးမျိုး၊ မိတ်ဆွေအပေါင်း အားလုံးက ၀ိုင်းကူညီပေးကြလို့ အဆင်ပြေပြေနဲ့ ဧည့်ခံပွဲတစ်ခု ပြီးမြောက်ခဲ့တယ်။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ လွဲချော်မှုတွေ အမျိုးမျိုး ရှိခဲ့ပေမယ့်လည်း ၀မ်းမနည်းနိုင်ခဲ့ပါဘူး။ အားလုံးပြီးဆုံးခဲ့ပြီမို့ ပျော်နိုင်ခဲ့ပြီလေ။

    Joomla Templates and Joomla Extensions by ZooTemplate.Com
    Written on Monday, 02 January 2012 16:03 in အခိုက်အတန့်လေးများ Read 108 times Read more...
  • ကျွန်တော် လုပ်မိ အပြစ်ရှိ၏
    Written by မိုးဝေ

    ဒီရက်ပိုင်း အပြင်သွားရတဲ့ ကိစ္စတွေ များသလို လမ်းစည်းကမ်း မလိုက်နာဘဲ ထင်တိုင်းကြဲနေတဲ့ ကားသမားတွေ ပိုပိုပြီး တွေ့ရပါတယ်။ ဒီလိုနဲ့ မနေ့က လိုင်းကားတစ်စီးကို အမူအရာနဲ့ ဆဲလိုက်မိပါတယ်။ ဆဲမိပြီ ဆိုမှတော့ အပြစ်ရှိခဲ့ပြီမို့ ရှက်မိတဲ့ စိတ်လည်း ဖြစ်မိတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ဟိုဝင်ဒီတိုး၊ လမ်းပြောင်းပြန်တက်၊ ကတုံးပေါ် ထိပ်ကွက်၊ အမျိုးမျိုး လူလည်ကျ၊ မိုက်ရိုင်း၊ စည်းမရှိ ကမ်းမရှိ လုပ်နေကြတဲ့ သူအပေါင်းတို့ရဲ့ လုပ်ရပ်တွေကိုလည်း စက်ဆုပ်မိတာ အမှန်ပါပဲ။

    ဒါကြောင့်လည်း လမ်းပြောင်းပြန်တက်၊ တန်းစီနေတဲ့ ကားတွေကို ကျော်တက်ပြီး လက်တစ်ချောင်း ဘန်းပြ (အခုနောက်ပိုင်း လက်တစ်ချောင်းတောင် မပြတော့ပါ)၊ ပေါ်တင်ဝင်တိုး၊ အရူးကွက် ၀င်နင်းမယ့် ကားမျိုးဆို ဘယ်တော့မှ လမ်းမပေးပါဘူး။ ဒင်းတို့ လုပ်တိုင်း ဖြစ်နေတာက လုပ်ချင်တိုင်း လုပ်လို့ရအောင် လုပ်ခွင့်ပေးထားတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်တွေနဲ့၊ ကိုယ့်ကားနဲ့ ထိမိ၊ ပွတ်မိ ဖြစ်မှာစိုးရိမ်လို့ အလျှော့ပေးနေ ကြရတဲ့ ကားသမားတွေကြောင့်ပါ။

    ကိုယ့်ကိုယ်ကိုယ် ဂျိမ်းစ်ဘွန်းလိုလို တွေးပြီး လမ်းပြောင်းပြန် ၀ူးကနဲ မောင်းတက်သွားရင်ပဲ သူများတွေက တော်လိုက်တာ၊ ကျွမ်းလိုက်တာလို့ တွေးနေမယ် ထင်နေကြသလား၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်နဲ့ပဲ ပြောင်းပြန်ကျော်တက်၊ လမ်းပိတ်သွားလည်း အားမနာ၊ ရှက်ရကောင်းမှန်းလည်း မသိ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်း လုပ်နေကြတဲ့ မော်တော်ယာဉ် သမားအပေါင်းတို့ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ ရှက်တတ်ကြဖို့ အချိန်တန်ပါပြီ။

    Joomla Templates and Joomla Extensions by ZooTemplate.Com
    Written on Wednesday, 14 December 2011 10:46 in ခံစားမိသမျှ Read 155 times Read more...
  • မနှစ်သက်သော သင်္ကြန်အလွမ်း
    Written by မိုးဝေ

    မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ~ ကူးပြောင်းစ တန်ခူးလေမှာ ~
    တစ်ယောက်တစ်လက်မို့ လှမ်းကာ ~  ဖြန်းပက်ကြစဉ် ~
    ပိတောက်ဖူးလေးတွေ ~ ပန်ဆင်ထားသူရေ ~
    ခေါင်းကလေးမော့လို့ ~
    ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ~

    သင်္ကြန်မိုး သီချင်းသံက သင်္ကြန် အကြိုနေ့ ကိုယ်နှင့် မသက်ဆိုင်သလို ငုတ်တုတ် ထိုင်နေရသည့် ကျော်ဇေမောင်၏ စိတ်ထဲ ပို၍ မရိုးမရွ ဖြစ်နေစေ၏။ သီချင်းသံ ကြားထဲ တိုးဝင်လာသည့် တယ်လီဖုန်းသံကိုလည်း စိတ်မ၀င်စားခဲ့။ ယခုနှစ် သင်္ကြန်သည် မည်သည့် အစီအစဉ်မှ ဆွဲမထား ခဲ့မိသလို၊ ဆွဲခဲ့မိပါကလည်း သုံးရန် ဖြုန်းရန် ပိုက်ဆံလည်း မရှိ။

    "ကျော်ဇေမောင်... ဖုန်းလာနေတယ်"
    "ဟုတ်ကဲ့ ဘကြီး"

    လေးလံသည့် ခြေလှမ်းများနှင့် ဖုန်းခွက်ကို ကိုင်ကာ
    "ဟယ်လို"
    "ဟေ့ကောင် ဖိုးကျော် ငါတို့ မဏ္ဍပ် သွားထိုင်မလို့၊ မင်းလိုက်မလား"
    "ဟုတ် လိုက်ချင်တယ်ဗျာ၊ ဒါပေမဲ့ လောလောဆယ် ကျွန်တော် ဘိုင်ပြတ်နေတယ်"
    "အေးပါ ငါစိုက်ပေးထားမယ်"
    "အင်္ကျီတွေ ဘောင်းဘီတွေလည်း မရှိဘူးဗျ"
    "ငါ အားလုံး စီစဉ်ပေးမယ်ကွာ၊ မင်း လာသာလာခဲ့ပါ"
    "ဟုတ် ကိုလင်း"

    အစ်ကိုဝမ်းကွဲ ဖြစ်သူ လင်းချစ်ကိုကို ဖုန်းသံကြောင့် ငေးမိုင်တွေးငေး နေခဲ့သည့် ကျော်ဇေမောင် မျက်လုံးတွေ အရောင်တောက် လာသည်။ မသက်ဆိုင် သလိုသာ ထိုင်နေရတော့မည်ဟု ထင်မှန် နေခဲ့သည့် အတာသင်္ကြန်ပွဲကို ကိုယ်တိုင် ဆင်နွှဲခွင့် ရှိပါသေးလား ဆိုသည့် အသိကြောင့် အပျော်တွေ ထိန်းမရနိုင်တော့။

    Joomla Templates and Joomla Extensions by ZooTemplate.Com
    Written on Friday, 15 April 2011 19:10 in အခြား Read 1298 times Read more...
  • ရုံးထဲက ဆေးခွက်များ
    Written by မိုးဝေ

    ကားမရပ်ရ ဆိုသည့် ဆိုင်းဘုတ်ရှေ့ ခါးထောက်ရပ်ကာ ခပ်တွေတွေ စဉ်းစားရင်း သူ ဒေါသထွက်နေ၏။ မိမိဖာသာ ကားရပ်ရပ် စုရပ်ရပ် လွတ်လပ်စွာ ရပ်ပိုင်ခွင့်ရှိ၏။ ထိုလွတ်လပ်ခွင့်အား မည်သည့် အကြောင်းကြောင့် ပိတ်ပင်ချင်ရမှန်း သူနားမလည်။ အတန်ကြာ စဉ်းစားတော့မှ သူ သဘောပေါက်သွား၏။ ကားမရပ်ရ ဆိုသည်မှ သူ့အား ဆိုလိုခြင်း မဟုတ်...

    ရုံးတွင် ထိုကလေးမ ကဲ့သို့ လွဲပြီးရင်း လွဲနေသူများ ပေါများလှပါသည်။ အလွဲအချော် ပညာရှင်များ စုဝေးရာ နေရာဟုလည်း ဆိုရလောက် ပေသည်။ ထိုအထဲတွင် ဖုန်းပြောရင်း တန်းလန်း ဖုန်းထဲမှ အစ်မအရင်း ခေါက်ခေါက်ကို  ချစ်လေးဟု ခေါ်မိ၍ အစ်မဖြစ်သူ၏ ပိုးဆိုးပက်စက် အဆဲခံ ရသည့် သူမျိုးလည်း ပါဝင် သကဲ့သို့ ငရုတ်ကောင်း ခပ်ထားသည့် ရေနွေးဖြင့် ရေချိုးမိသော သူမျိုးလည်း ရှိပါသည်။

    ရုံး၏ ထရန်စပို့တာ မင်းသားကြီး အမည်ရ ဒရိုင်ဘာကြီးက တစ်နေ့တွင် ဆိတ်မွေး လိုပါသည်ဟု ဆိုလာ၏။ အခြား တစ်ယောက်က ဆိတ်မွေး၍ ဘာလုပ်ချင်ပါ သနည်း မေးမြန်းရာ အလောတကြီး ဖြေချရာမှ နားထောင်သူ အပေါင်း ၀ါးလုံးကွဲ ပွဲကျခဲ့ရသည်။ "ဆိတ်နို့စို့ ချင်၍" ဖြေလိုက်ခြင်းကြောင့် ဖြစ်သည်။

    Joomla Templates and Joomla Extensions by ZooTemplate.Com
    Written on Wednesday, 16 March 2011 10:11 in ခံစားမိသမျှ Read 1728 times Read more...
  • မီယာဂျီ၊ ဆင်းဒိုင်၊ ယာမာမိုတိုနှင့် အညိုရောင် ဆူနာမီ
    Written by မိုးဝေ

    ကြောက်မက်ဖွယ် ငလျင်ဒဏ်နဲ့ အညိုရောင် ဆူနာမီ လှိုင်းတွေ လွှမ်းမိုး ခံလိုက်ရတဲ့ ယာမာမိုတို ကျွန်းမြို့ ကလေးရဲ့ တစ်နေရာမှာ ပြီးခဲ့တဲ့ စနေနေ့က အသက် ၄၃နှစ် အရွယ် လင်မယား နှစ်ယောက် ပျက်စီးနေတဲ့ မီနီဘတ်စ်ထဲက ၁၈နှစ် အရွယ် သမီးငယ်ကို ရှာဖွေ နေခဲ့ကြပါတယ်။

    သူတို့ သမီးငယ်ဟာ အဲ့ဒီ မီနီဘတ်စ်ထဲမှာ ရှိနေကြောင်း အီးမေးလ်နဲ့ အကြောင်းကြား ခဲ့တယ်လို့ ယုံကြည် နေကြပြီး သမီးငယ်ရဲ့ ရုပ်အလောင်းကို မီနီဘတ်စ် အထဲမှာ မြင်တွေ့ခဲ့ အပြီးမှာတော့ "သမီးလေး အထဲမှာ ရှိနေပါတယ်။ ကျေးဇူးပြုပြီး သူ့ကို မြန်မြန် ဆွဲထုတ် ပေးကြပါလို့" အော်ဟစ် နေပါတော့တယ်။

    ဒေသခံ ရဲတွေက သူတို့မှာ ရှိတဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ အင်အားနဲ့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ရှင်းပြ ကြပေမယ့် ပူဆွေးသောက ရောက်နေတဲ့ မိဘနှစ်ပါး ကတော့ "ဘာလို့ ကလေးကို မြန်မြန် ဆွဲထုတ် မပေးနိုင် ကြတာလဲ" လို့သာ အော်ဟစ် နေပါတယ်။ ဒါပေမဲ့ အီဂျီနဲ့ မက်ဆုကို ကန်နိုလို့ အမည်ရတဲ့ အဲ့ဒီ လင်မယား အတွက်က အကူအညီ ရဖို့ အော်ဟစ် နေရုံမှ တစ်ပါး တခြား ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။

    Joomla Templates and Joomla Extensions by ZooTemplate.Com
    Written on Tuesday, 15 March 2011 14:51 in အခြား Read 44657 times Read more...

ကာရံမညီသော အလွမ်း

Thursday, 06 January 2011 17:19

အသက်တွေ ကြီးလာလေလေ ငယ်ဘ၀ကို ပြန်လွမ်းဆွတ် မိလေလေပါပဲ။ ငယ်စဉ်က အကြောင်းတွေကို စဉ်းစားမိတိုင်း ငယ်ဘ၀ ငယ်ဒေသတွေ အကြောင်း လွမ်းခဲ့ရစမြဲ။ ဒေသတစ်ခု မြို့တစ်မြို့ကို လွမ်းမိတိုင်းလည်း အတူဆော့ကစား ပျော်ပါးခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အဖော်အပေါင်း တွေကို သတိရစမြဲ။ အပူအပင် ကင်းကင်း ပွင့်ပွင့်လင်းလင်း ခင်မင်ပေါင်းသင်း ခဲ့ကြတဲ့ ငယ်သူငယ်ချင်း ငယ်ပေါင်းတွေ ဆိုတာက တစ်ခါတလေတော့ ဒေသတွေ အမျိုးမျိုး ရွှေ့ပြောင်း နေထိုင်ခဲ့ရသူ တစ်ယောက်အတွက် ပြန်ရနိုင်စရာ မရှိတော့တဲ့ ပုံရိပ်တွေ သက်သက်မျှပါပဲ။

တချို့ကတော့ နာမည်တွေလည်း မေ့၊ လူတွေလည်းမေ့၊ လမ်းမှာတွေ့လည်း သတိရမည် မထင်။ တချို့တွေကတော့ နာမည်တွေ သတိရနေပေမယ့် လူတွေက ဘယ်ဆီရောက်လို့ ဘာတွေလုပ်နေမှန်း မသိ။ တချို့ကျပြန်တော့ ဘယ်မှာနေလို့ ဘာတွေ လုပ်နေတယ် ဆိုတာ သိနေရသလို တချို့ကတော့ တစ်ခါတလေ ဖုန်းဆက်ပြီး ခင်မင်မှုကို တည်တံ့အောင် လုပ်နေကြဆဲ...

Joomla Templates and Joomla Extensions by ZooTemplate.Com

Read more: ကာရံမညီသော အလွမ်း

 

တဒင်္ဂ - ၂

Friday, 01 October 2010 12:20

ဟာ... ဟင်... ဟယ်... ဆိုသည့် အာမေဋိတ် သံများနှင့်အတူ လူတစ်ဦး ကတ္တရာ လမ်းမပေါ် လွင့်စင် သွားခဲ့သည်။ အမလေး ဆိုသည့် အော်သံနှင့် မဆိုင်းမတွ တွင်ပင် ဒုန်း... ဟူ၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည့် အသံတစ်ခုကြောင့် အားလုံး အလန့်တကြား ဖြစ်ခဲ့ရ၏။ ထို့နောက်တွင်မှ ကားဘီးနှင့် ကတ္တရာလမ်းတို့ ပွတ်ဆွဲသံ ကျွီက စူးစူးရှရှ ထွက်ပေါ် လာခဲ့သည်။

မဲနက်နေသည့် ကတ္တရာ လမ်းမကြီးသည် ရုတ်တရက် ရပ်တန့်သွားသည့် မော်တော်ကား၏ တစ်လုံးသာ လင်းတော့သော ကားမီးရောင် အောက်တွင် ချင်းချင်း နီရဲလို့ နေလေတော့သည်။ ကားဖြင့် အတိုက်ခံရသူ သည်ကား မော်တော်ကားနှင့် ပြင်းထန်စွာ ထိခိုက်မိသည့် အရှိန်အပြင် ကတ္တရာ လမ်းမပေါ် ပြုတ်ကျခဲ့သည့် ဒဏ်ကြောင့် ပက်လက်လန်ကာ လဲကျ သွားလေ၏။

အနောက် ကိုက် ၂၀ခန့် အကွာတွင်ကား...

Joomla Templates and Joomla Extensions by ZooTemplate.Com

Read more: တဒင်္ဂ - ၂

 

Page 1 of 19

အဖတ်များဆုံး

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday75
mod_vvisit_counterYesterday225
mod_vvisit_counterThis week75
mod_vvisit_counterThis month1079
mod_vvisit_counterAll110066

Who's Online

We have 4 guests online