Latest Comments

လှောင်အိမ်လေးထဲက မှတ်တမ်း

Thursday, 06 August 2009 16:09

နံနက်ခင်း မိုးလင်းတိုင်း လိုလိုပါပဲ။ သူ ကျွန်တော့်ဆီကို အရင်ဆုံး ရောက်ရောက် လာတတ်ပါတယ်။ ပြီးရင် ဂွတ်မောနင်းပါလို့ သူပြောလေ့ ရှိပါတယ်။ ဒါဟာ သူ နံနက်တိုင်း ပုံမှန် ပြုလုပ်ခဲ့လေ့ ရှိတဲ့ အကျင့်တစ်ခုပါပဲ။ ကျင့်သား ရနေပြီ ဖြစ်တဲ့ ကျွန်တော်ကလည်း သူ့ကို ဂွတ်မောနင်းပါ လို့ ပြန်ပြောတတ်ပါတယ်။ ဒီနေ့လည်း အရင်နေ့တွေကလိုပါပဲ။ ဒါပေမယ့် သူက ဆက်ပြောခဲ့တယ်။ "ငါ အရမ်းစိတ်ညစ် နေတယ်ကွာ" တဲ့...

မနေ့က သူ ရုံးက ပြန်ရောက်လာတော့ ကျွန်တော့်ကို ပြောတယ်။ သူ့လက်ထဲ ပါလာတဲ့ ပစ္စည်းတွေကိုတောင် မချဘဲနဲ့ပေါ့။ "မင်း ပျင်းနေပြီလား" တဲ့။ ကျွန်တော်က သံယောင်လိုက်တော့ သူတစ်ချက် ပြုံးပြပါတယ်။ ဆက်ပြီးတော့ "မင်းကို အခုလို လှောင်အိမ်ထဲ ထည့်ထားလို့ ငါ ၀ဋ်လိုက်တာ များလားကွာ" တဲ့။ ဒီတစ်ခါ ကျွန်တော် သံယောင်လိုက်တော့ သူ ပြုံးတာ မတွေ့ရတော့ပါဘူး။ တစ်ချက် တွေသွားပြီး ကျွန်တော်ရှေ့က ထွက်သွားတယ်။ သူ မျက်ရည်တွေ ကျနေတာကို ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော်လည်း တစ်ခုခုကို ခံစား လိုက်ရတာတော့ အမှန်ပါပဲ။
 

ငယ်စဉ်ဘ၀ - ၅

Monday, 03 August 2009 14:29

တစ်ခါတစ်ခါကျတော့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြန် စဉ်းစားမိလိုက်တိုင်း စိတ်ထဲ ကြည်နူးမိတာ အမှန်ပါပဲ။ တချို့ အဖြစ်အပျက် တွေက အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ မမေ့နိုင်တော့ သလို၊ တချို့ကိစ္စတွေ ကျပြန်တော့လည်း ဘယ်လိုပဲ ပြန်စဉ်းစား စဉ်းစား အစတောင် ဖော်လို့ မရတော့တာမျိုး ဖြစ်နေပြန်ပါတယ်။ အတိတ်ဆိုတာက မေ့ပျောက်ဖို့ လွယ်သလို၊ အတိတ်ဆိုတာက စွဲကျန်နေရစ်ဖို့လည်း မခက်တဲ့ အရာပါပဲ။

အဲ့ဒီလို ငယ်ငယ်တုန်းက အကြောင်းတွေကို စဉ်းစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရယ်ချင်စရာ ဟားချင်စရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုကို သွားသွား တွေးနေမိပါတယ်။ ငယ်ငယ်က ဆိုပေမယ့် အရမ်းတော့ မငယ်တော့တဲ့ ၈တန်း ၉တန်း ၁၀တန်း အရွယ် ဒိုက်ဦးမှာ ရှိစဉ်ကပေါ့။

ငယ်ငယ်လေး ကတည်းက ဘုတ်ပြင်းမှာ စက်ဘီး စပြီးစီးတတ်ခဲ့တဲ့ ကျွန်တော်ဟာ ဒိုက်ဦးဆိုတဲ့ စက်ဘီးတွေ ပေါများလွန်းတဲ့ မြို့ကိုလည်း ရောက်ရော စက်ဘီးတစ်စီးနဲ့ ကျင်လည်ခွင့် ရခဲ့ပါတယ်။ ကျောင်း၊ ကျူရှင်တွေ သွားဖို့အတွက် စက်ဘီးကသာ အဓိက အားကိုးစရာ ဖြစ်နေတာက တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း စက်ဘီးဆို အငမ်းမရ ၀ါသနာ ပါတတ်တာက တစ်ကြောင်း ဆိုတော့ ဒီလို မြို့လေး တစ်မြို့ကို ပြောင်းရွှေ့ နေထိုင်ခွင့် ရတာကပဲ တစ်မျိုး ကျေနပ်စရာ ကောင်းနေပြန်တာပေါ့။
 

မြန်းဂလိခ်ျများအား စွန့်လွှတ်ဖို့ အချိန်တန်ခဲ့ပြီ

Saturday, 01 August 2009 15:26

မြန်းဂလိခ်ျတွေကို ဘယ်တုန်းက စတင် ကျင့်သုံးခဲ့သလဲ ဆိုတာကတော့ အစမပြု လိုတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ မြန်းဂလိခ်ျကို စတင် အသုံးပြုခဲ့တာ ဟိုးယခင် ကတည်းက ဖြစ်နိုင်လို့ပါပဲ။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ အခုအချိန်ကလောက် သိပ်ပြီး သုံးဖြစ် ခဲ့ကြမယ်လို့ မထင်မိပါဘူး။ အခုက ဘာလို့ ဒီလောက်တောင် အသုံးတွင်ကျယ် နေရတာလဲလို့ မေးရရင် ပထမဆုံး အကြောင်းအရင်း တစ်ရပ်က ထင်ထင်ရှားရှားကို ထွက်ပေါ်လာမှာပါ။ ဒါက ချက်တင် ဆိုတဲ့... အွန်လိုင်းပေါ်မှာ အချင်းချင်း စကားပြောလို့ ရအောင် လုပ်တဲ့ စနစ်တစ်ခု မြန်မာတွေ စတင် အသုံးပြုခဲ့ရာက စတင်ခဲ့တာ ပါပဲ။

ဟိုးအရင်က မြန်မာပြည်မှာ အင်တာနက် စရခါစက အချိန်ကို ပြန်စဉ်းစား ကြည့်လိုက်ရင် သူများတွေ မပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း အမ်အိုင်အာစီ ချက်တင်ပေါ်တက်ပြီး တစ်နေ့ တစ်နေ့ ချက်လိုက်ရတာ အမော... ဒီအချိန်လေးမှ ဒီနေရာလေးကို မသွားလိုက်ရရင် ဘာလိုလို့ လိုနေမှန်း မသိလောက်အောင်... တော်သေးတာက အဲ့ဒီခေတ် အဲ့ဒီအခါက အင်တာနက်ဆိုတာ သုံးနေသရွှေ့  ပိုက်ဆံတွေလည်း ပေးနေရတဲ့ အချိန်ပေါ့... အင်တာနက် ဆိုင်ဆိုတာတွေ မပေါ်လာသေးသလို အိမ်တွေမှာ မိုဒမ်လေးတွေနဲ့ စပြီး သုံးခါစ အချိန်ပေါ့။၏ အက်စက်စ်ကစ် ဆိုတာလည်း မရှိဘူး။ ကိုယ်ပိုင် အကောင့်တစ်ခုသာ မရှိရင် သုံးလို့ မရသေးချိန်ပေါ့... ဆိုတော့ သုံးသလောက်က ပိုက်ဆံက ထွက်နေတော့ အနည်းဆုံးတော့ အဟန့်လေး ဖြစ်ခဲ့တယ်လေ။ ထားပါလေ... ပြောရင်းနဲ့ လမ်းလွဲသွားတာ...

ပြောချင်တာက အဲ့ဒီ အမ်အိုင်အာစီ ချက်တင်ခေတ်မှာ စပြီး မြန်မာ လူငယ်လေးတွေ ချက်တင်ကို စပြီးသုံးချိန်မှာ အချင်းချင်း ပြောကြရာမှာ မြန်မာစာ ရိုက်လို့ မရတဲ့ ပြဿနာကြောင့် အင်္ဂလိပ် စာလုံးတွေကိုပဲ အသုံးပြုပြီး ပြောနေရသေးချိန်ပေါ့။ ဆိုတော့ အင်္ဂလိပ်လို ပြောမလား၊ ပြောချင်သလို ပြောမလား ဆိုတာ ပြောတဲ့သူရဲ့ ရွေးချယ်မှုပဲလေ။ ဘယ်သူကမှလည်း ဘယ်လိုပဲ ပြောရမယ်လို့ မသတ်မှတ်ထားတော့ ပြောချင်သလို ပြောခဲ့ကြတာက ပိုပြီး များနေတယ်လေ။ အဲ့ဒါက အစ ပထမပေါ့...
 

ဖာနန်ဒို မိုးဝေ၏ မြန်မာပြည်သို့ တစ်လတာ

Friday, 31 July 2009 10:22

လန်ဒန်မှ ချာတာ ဂျက်လေယာဉ် တစ်စင်း ရန်ကုန် တစ်ကမ္ဘာလုံး ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်သည်နှင့် ဆိုက်ရောက်လာသည့် လေယာဉ်ဘေးသို့ အရောင် တဖြတ်ဖြတ်ပင် လက်နေသည့် မာစီးဒီးစ် ကားသစ်ကြီး တစ်စီးက ချက်ချင်းပင် ရောက်လာခဲ့သည်။ လေယာဉ် တံခါး ဖွင့်လိုက်သည်နှင့် အနောက်တိုင်း ၀တ်စုံပြည့်နှင့် ဆင်းလာသည့် ပုဂ္ဂိုလ်နှစ်ဦးကို စတင် တွေ့ရှိ လိုက်ရသည်။ ထိုသူ နှစ်ဦးမှာ အနက်ဝမ်းဆက် အနောက်တိုင်း ၀တ်စုံပြည့် ၀တ်ဆင်ကာ၊  နေကာမျက်မှန် တပ်ထားသည့် ဖာနန်ဒို မိုးဝေ၏ သက်တော်စောင့်များ ဖြစ်သည့် ဂျို့ စ် အတီးနှင့် အေ့စ် ဘုန်းဇင်...

ဖာနန်ဒို အင်္ဂလန်မှ ခေတ္တ ပြန်လာခြင်းအား လေဆိပ်တွင် ကြိုဆိုကြသည့် ပရိသတ်များက အပြည့်... ဖာနန်ဒို ကစားနေသည့် လီဗာပူးလ် အသင်း အလံတွေ လွှင့်ဝဲကာ သောင်းသောင်းဖျဖျ ကြိုဆို နေကြပြီး ယူဝေနဲဗားဝေါ့ခ်အလုံး ဆိုသည့် စာတန်းကြီးက ရန်ကုန် တစ်ကမ္ဘာလုံး ဆိုင်ရာ လေဆိပ်မှ ကြိုဆို နှုတ်ခွန်းဆက်ပါသည် ဆိုသည့် စာလုံးထက်ပင် ကြီးလို့နေသေးသည်။ တချို့  ပရိသတ်များက ပြင်ဦးလွင် စီးတီး အသင်း အင်္ကျီများ ၀တ်ဆင်ကာ ၀ဲလ်ကမ်းတူ ပြင်ဦးလွင်စီးတီး အက်ဖ်စီ ဆိုသည့် စာတန်းဖြင့် ကြိုဆိုလျှက် ရှိနေကြသည်။ ဖာနန်ဒို အနေဖြင့် လီဗာပူးလ် အသင်းမှ ပြင်ဦးလွင် စီးတီး အသင်း အတွက် ခေတ္တ အငှါးစာချုပ်ဖြင့် လာရောက် ကစားခြင်း၏ ခရီးအစက စိတ်လှုပ်ရှား ဖွယ်ရာ ဖြစ်ခဲ့သည်။
 

မြိတ်ကတ်ကြေးကိုက်

Thursday, 23 July 2009 15:12

မနေ့က အသက် ၂၇နှစ်ပြည့်မို့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို နေ့လည်စာ အဖြစ် မြိတ် ကိုက်ကြေးကိုက် ၀ယ်ကျွေးဖြစ်ခဲ့သလိုပဲ ညကျတော့ အိမ်က မိသားစုတွေ ကိုလည်း မြိတ် ကိုက်ကြေးကိုက်ပဲ ၀ယ်ကျွေး ဖြစ်ခဲ့ပြန်တယ်လေ။ ဒါက အခုလို ရေးရခြင်းရဲ့ အကြောင်းအရင်း တစ်ခုပါပဲ...

x x x

မြိတ် ကိုက်ကြေးကိုက်လို့ ပြောရမယ် ဆိုရင် အမှတ်ရစရာ အဖြစ်အပျက် လေးတွေလည်း အစီအရီ ရှိနေခဲ့ပါတယ်။ သရက်ချောင်း၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီက မြို့ တွေမှာ နေခဲ့ဖူးသူ တစ်ယောက် အတွက်တော့ မြိတ်ကတ်ကျေးကိုက် ဆိုတာက မစားချင် အဆုံးလို့တောင် ပြောရမယ့် အစားအစာ တစ်ခုလိုပါပဲ။ ဒါပေမယ့် နောက်ဆုံး ကော့သောင်းကို စွန့်ခွါခဲ့ရချိန်ကစပြီး ကတ်ကြေးကိုက် ဆိုတာ အမြဲ သတိတရနဲ့ စားချင်နေတတ်ခဲ့တဲ့ အစားအစာ တစ်ခုလိုပါပဲ။ အမေကတော့ သူရှိတဲ့ အချိန်တွေမှာ ခဏခဏ ကြော်ကျွေး တတ်တယ်။ အဲ့ဒီဘက်မှာ နေတာ ကြာလို့ ထင်ပါတယ်။ အမေတောင် တော်တော်လေး ကတ်ကြေးကိုက် ကြော်တတ် နေတယ်လေ။  အမေ့လိုပဲ အကြော်ကောင်းတဲ့ အခြား တစ်ယောက်လည်း မှတ်မှတ်ရရ ရှိနေသေးတယ်။ သူကတော့ သူငယ်ချင်း ဇေယျာရဲ့ အမေလေ။ သူ့လက်ရာလည်း စားလို့ ကောင်းတဲ့ ထိပ်တန်း လက်ရာ တစ်ခုပါပဲ...
 

အိပ်မက် ရုပ်ရှင်ရုံ

Sunday, 19 July 2009 12:05

ယောက်ျားတွေချည်းပဲ စီးနင်း လိုက်ပါလာတဲ့ ဟိုက်ဝေးကားကြီး တစ်စီး ထိုးဆိုက်ဆိုက်ချင်းပင် ရှေ့ မှ သုံး လေး ငါးယောက်လောက်က အောက်သို့ တစ်လှမ်းချင်း ဆင်းလာခဲ့တယ်။ သူတို့က ဘယ်ကို ရောက်နေသလဲ ဘယ်သူတွေ ရှိလဲ စူးစမ်း လေ့လာခြင်း အလျင်းမရှိ။ သို့သော် သူတို့ ဆင်းနေရင်းမှာပင် ကားပေါ်တွင် ကျန်ရှိနေကြသည့် ယောက်ျား ရင့်မာကြီးပေါင်း များစွာတို့မှာ ဆူညံ ပွက်လောရိုက် နေကြာကာ ပဉ္စမမြောက် အောက်သို့ဆင်းမည့် တစ်ယောက်အား ဆဋ္ဌမမြောက် တစ်ယောက်က စတင် တိုက်ခိုက် လိုက်လေသည်။ ခါးကြားထဲသို့ ဓါးမြှောင်ဝင် အစိုက် နောက်မှ ပါလာသည့် သတ္တမမြောက် တစ်ယောက်က သူ့ဘေးရှိ အခြား တစ်ယောက်က တွယ်ထည့် လိုက်ပြန်သည်။

ကားတစ်စီး ဆိုက်ရောက်လာလို့ လာရောက် စူးစမ်းနေမိသည့် ကျွန်တော့်မှာ လက်ထဲတွင် သူများ ကလေးအား ယူချီလာခဲ့မိ၍ ခေါင်းနပန်း ကြီးသွားခဲ့ကာ ကျွန်တော့်ထံ တည့်တည့် ဆင်းလာသည့် ပထမဆုံး အဖွဲ့နှင့် လွတ်ကင်းရာ ကင်းကြောင်းသို့ အမြန်ချီတက် ရလေတော့သည်။ ကလေးချစ်တတ်၍ ကလေးအမေထံမှ ကလေးအား ခေတ္တယူချီ၍ ထွက်လာမိသည်က အခုတော့ အခက်တွေ့ချေပြီ။ ကလေး အမေဘယ်ဆီ ရှိနေမှန်းလည်း မကြည့်အားတော့၊ အမြန် သုတ်ခြေတင်ရတော့သည်။ ထိုထိုသော ကားနှင့် အတူပါလာသည့် အဖွဲ့သည် နီးစပ်ရာ လူကို ရိုက်နှက် ပုတ်ခတ် ပစ်သတ်ကုန်ကြကာ လူရိုင်းကြီးများ အလား ပြုမူနေကြ လေတော့သည်။
 

၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့

Saturday, 02 May 2009 14:14

အချိန်က နံနက် လေးနာရီနဲ့ ငါးနာရီကြား၊ လူခြေတိတ်ချိန်လို့ ဆိုရမှာ ဖြစ်ပေမယ့် မိုးသံလေသံတွေ ခေါင်မိုးသွပ်ပြား လန်တဲ့အသံတွေ၊ မှန်ကွဲသံတွေ၊ တံခါးရွက် ရိုက်သံတွေ၊ အပင်ကို လေတိုးတဲ့ အသံတွေက အားလုံးပေါင်းပြီး တိတ်ဆိတ်ပါတယ် ဆိုတဲ့ ဆိုတဲ့ နံနက် အာရုဏ်ဦး အချိန်အခါလေး တစ်ခုမှာ ထင်တိုင်းကိုကျဲနေလေရဲ့...

သန်းခေါင် မတိုင်မီ ကတည်းက ဖြေးဖြေးနဲ့ မှန်မှန် အရှိန်တင်လာခဲ့တဲ့ လေပြင်းတွေက ထိုအချိန် အခိုက်အတန့်မှာပဲ ဘယ်မှ ညာသို့ ပြန်ပြောင်း တိုက်ခတ်လိုက်ချိန်ပေါ့.. အိမ်ရှေ့  ၀ရံတာ တံခါးကို အပြည့်မပိတ်ဘဲ မိုးတွေ လေတွေ ပက်နေတဲ့ကြားက တိုးဝှေ့ ရေအစိုခံပြီး လေတွေ မိုးတွေကို အားရပါးရ အထူးအဆန်းလုပ် ကြည့်နေမိတဲ့ ကျွန်တော် အလိုလို ခြေနှစ်လှမ်းလောက် နောက်ကို ဆုတ်ပြီး ထအော်လိုက်မိတယ် "ဟာ. သွားပြီ!" တစ်ဆက်တည်းမှာပဲ အိမ်ရှေ့  ၀ရံတာကို အပြေးထွက်ကြည့်လိုက်တော့ မှောင်မှောင်ထဲမှာပဲ မြင်လိုက်ရတဲ့ အရာတစ်ခုက ...
 

Page 3 of 5

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...