Latest Comments

အပြောင်းအလဲများတဲ့ မိုးဝေ

Friday, 01 May 2009 15:48

အဓိက အကြောင်းအရာ ဘာတစ်ခုမှ မပြောင်းလဲ ခဲ့ပေမယ့် စတိုင်အသစ် မလိုင်အသစ်နဲ့ ဘလော့အသစ် ကလေးကတော့ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ မေဒေးနေ့မှာ စတင် ဖြစ်လိုက်ပြန်ပါပြီ။

တကယ်တော့ လှမယ် အထင်နဲ့ အပြတ် ကစ်ပလိုက်တဲ့ ပြီးခဲ့တဲ့ ဘလော့ဂ် ကလေးက တော်တော်လေး မှောင်မဲနေပြီး စာဖတ်လို့ မကောင်းတာကို နောက်မှပဲ သိလိုက် ရတာကြောင့် အခုလို အသစ်တစ်ခု ထပ်လုပ် ဖြစ်ခဲ့တာပါ။ အားခဲ ထားတာလည်း ကြာလှပါပြီ။ ဒီကြားထဲ အလုပ်ကလည်း တော်တော်လေး မအားဘူး ဖြစ်နေတာနဲ့ နောက်ပြီး ကိုယ်တိုင်ကလည်း အားမစိုက်ဖြစ်တာ (ပျင်းတာ)လည်း ပါတာပေါ့နော်... မလုပ်ဖြစ် မတင်ဖြစ်ခဲ့တာပါ။
 

“ဂျလောက်”

Wednesday, 29 April 2009 13:19

အကောင်းလွန်းကြီး မဟုတ်ပေမယ့် သေသေချာချာ ပြင်ဆင်ထားသည့် အိပ်ယာ အထက်မှာ သူရယ်. သူ့သားလေးရယ်. သမီးလေးရယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် အထိ သူတို့အပြင် ကလေးတွေရဲ့ အမေလည်း အတူတူ ရှိနေခဲ့သေးသည်မို့ မိသားစုဘ၀က အခုထက်စာရင် ပိုပြီး သာယာစိုပြေ ခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း အခုတော့ …။

###

သူတို့နေထိုင်ရာ အရပ်က လူနေအိမ် တစ်အိမ်ရဲ့ အဲယားကွန်း တစ်လုံးထဲမှာ၊ အဲယားကွန်းပင် ဆိုသော်ငြား အသုံးမပြုတာ ကြာပြီ ဖြစ်တာကြောင့် သူတို့ အတွက်တော့ အပူအပင် ကင်းစွာ၊ ဆိတ်ငြိမ် အေးချမ်းစွာ နားခိုရာ နေရာလေး တစ်ခု ဖြစ်နေခဲ့ပါသည်။ ဒီနေရာကို စတင် တွေ့ရှိစဉ်ကပင် ဒီနေရာလေးဟာ သူတို့အတွက် ခိုလှုံဖို့ အကောင်းဆုံး နေရာလေးဟု  ထင်မြင် သုံးသပ်ခဲ့တဲ့ သူ့အတွေး၊ လက်တွေ့ မှာလည်း တကယ်ပင် ဟုတ်မှန်နေခဲ့သည်။ သို့တစေ ဒီနေရာလေးကို လွယ်လွယ်နှင့် ပိုင်ဆိုင်ခွင့် ရခဲ့သည်တော့ မဟုတ်ချေ။

အဲ့ဒီအချိန်ကတော့ စူးစမ်းလိုသည့် စိတ်နှင့် ပိုက်လိုင်း တစ်ခုပေါ်သို့ သူတက်ခဲ့သည်။ သည်လိုနှင့် တစ်နေရာ အရောက်မှာတော့ ပိုက်လိုင်း အတိုင်းပင် မှန်မှန်တက်ခဲ့သည့် သူ့အတွက် ရှေ့ တိုးစရာ နေရာမရှိ လောက်အောင် အတားအဆီး တစ်ခုက ခြားနားထား လေသည်။ အထဲကိုသာ ၀င်ခွင့်ရမည် ဆိုပါက အခွင့်အရေး ကောင်းတစ်ခု ဖြစ်မည်ဟု တွေးမိတာကြောင့် အချိန်အတန်ကြာ ၀င်ခွင့်ရဖို့ သူ ကြိုးစား အားထုတ် ခဲ့မိသည်။ နောက်ဆုံး သူတို့၏ အားကိုးရာ၊ အမြဲတမ်းပင် အသုံးတည့် လေ့ရှိသည့် သူ့၏ ထက်မြ ချွန်ထက် လွန်းလှသည့် သွားတွေနှင့်ပင် ပိုက်ဘေးက ကပ်လျက်ရှိနေသော သစ်သားပြားကို ကိုက်ဖဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။ ဒီလိုနဲ့ သူ့ရဲ့ ဇွဲ၊ လုံ့လတွေ ကြောင့်သာ တစ်နေ့ အထဲသို့ သူ ၀င်ခွင့်ရခဲ့ခြင်း ဖြစ်ပေသည်။ ထိုမှတဖန် သူတို့ ယခု နေထိုင်ရာ သူတို့ရဲ့ အိမ်ကလေးကို တဖြေးဖြေးချင်း အလှဆင် ခဲ့ရာမှ အခုလို အခြေအနေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခုတော့လည်း သူရယ်၊ မွေးကင်းစ သူ့သားလေးရယ်၊ သမီးလေးရယ်သာ…၊ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်ကတော့…။
 

စွဲကျန်ခဲ့တဲ့ ဖြစ်ရပ်

Wednesday, 29 April 2009 13:14

ရာသီဥတုက ခပ်ပြင်းပြင်း ချမ်းစိမ့်စိမ့်နဲ့… ဆောင်းဦးပေါက် ညတစ်ည.. လေတစ်ချက်ဝှေ့လိုက်တိုင်း အသည်းထဲမှာ စိမ့်ကနဲ… နေရာက မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ထဲက ကျောက်စိမ်းမြို့ လေးမှာ…

မနက်ဖြန်.. အင်း အဲဒီမနက်ဖြန်ဟာ ကျွန်တော့်အစ်ကို အကြီးဆုံး မင်္ဂလာဆောင်မယ့်နေပေါ့… အားလုံး တက်တက်ကြွကြွနဲ့ ပျော်ရွှင်နေကြတယ်။ ကိုယ့်အလုပ်နဲ့ကိုယ် မောတယ်မရှိ ရယ်လိုက်မောလိုက်ပေါ့… ညီအစ်ကို လေးယောက်မွေးထားတဲ့ အဖေနဲ့ အမေကတော့ သူတို့ သားအကြီးဆုံး မင်္ဂလာဆောင်အတွက် ပြုံးလို့ပျော်လို့… မိတ်ဆွေ၊ အပေါင်းအသင်းတွေ အားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ အားလုံးကူညီပေး ကြတယ်။

မနက်ဖြန်ဝတ်ရမယ့် တိုက်ပုံ၊ ပုဆိုးနဲ့ စတစ်ကော်လံ အင်္ကျီကို အစမ်းဝတ်ကြည့်ပြီး တက်ကြွမှု တွေနဲ့အတူ ကျွန်တော် စောစောစီးစီး အိပ်ဖို့ကြိုးစားလိုက်တယ်။ ပင်ပန်းနေလို့လားမသိ၊ အိပ်ရခက်တတ်တဲ့ ကျွန်တော် ခဏလေးနဲ့ပဲ ချမ်းစိမ့်စိမ့် ရာသီဥတုကြားမှာ အိပ်ပျော်လို့ သွားခဲ့တယ်။ အဲဒီညက ကျွန်တော် အိပ်ပျော်နေတုန်း ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ဟန့်တား လိုက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော်နိုးလာတော့…

 

တယ်လီဖုန်းမြည်သံရဲ့ နောက်ကွယ်

Wednesday, 01 April 2009 00:12

မနေ့ကရုံးမှာ အလုပ် မရှုပ်တရှုပ် ဖြစ်နေစဉ်မှာ စားပွဲပေါ်က ဖုန်းမြည်သံကြောင့် လုပ်လက်စ အလုပ်ကိုရပ်ကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"
"x x x x x "
"ဟုတ်ကဲ့"
"x x x x x"
"x x x x x x x"

စကားပြောပြီးတော့ ဖုန်းကို ပြန်ချလိုက်သည်။ အတွေးနက်နက် တစ်ခုက ခေါင်းထဲကို တန်းဝင်လာခဲ့သည်။ သြော်..
 

ဒီလိုလုပ်ရင် ကောင်းမလားလို့…

Wednesday, 01 April 2009 00:12

နေ့စဉ်နေ့တိုင်းပေါ့ ကားနဲ့ အပြင်သွားတဲ့အခါ မြို့ ထဲမှာပဲဖြစ်ဖြစ်.. တခြားနေရာမှာပဲ ဖြစ်ဖြစ်.. အမြဲတမ်းကြုံတွေ နေရတာက ကားလမ်း ပိတ်တာပဲ။ ကားက အလွန်အကျွံ ပိတ်နေတာမျိုး ရှိသလို ပုံမှန် မီးပွိုင့်မိတာ မျိုးလည်း ရှိတာပေါ့.. ဒီနေရာမှာ ဘာသွားတွေ့ရလဲ ဆိုတော့.. သူ့ထက်ငါ အရင်လို.. ငါသာလျှင် အရေးကြီး.. တခြားလူတွေ အားမနာ.. လုပ်ချင်ရာလုပ်.. မောင်းချင်သလို မောင်းနေကြတဲ့ ကားသမား တွေကို တွေ့ရ ပါတယ်။

အများတကာက စည်းကမ်းတကျ တန်းစီနေကြသော်ငြား ထိုထိုသော သူအပေါင်းတို့ကတော့ တန်းစီလျှင် အိပ်မပျော် စားမ၀င် ဖြစ်တတ်ရွေ့ လား မသိ.. အားလုံးကို ကျော်ခွ.. အတင်းကျော်တက်.. အတင်းဝင်တိုး.. လုပ်ချင်သလိုကို လုပ်နေကြပါလေရော..။ တခါတရံမှ လုပ်တဲ့ သူတွေ ရှိသလို နေ့စဉ် ပုံမှန် အဲ့သလို လုပ်နေကြတဲ့သူတွေ အများအပြားပါ။ တစ်ခါတစ်ရံ ကားလမ်းတွေပါ လုံးဝ ပိတ်သွားစေတဲ့ အထိ ဖြစ်ပါလေရော။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးရဲ့ တူညီတဲ့ အချက်တစ်ခုကတော့ လက်ညှိုးလေး တစ်ချောင်း ထောင်ထောင်သွား တတ်ကြတာပါပဲ…။ ကဲ.. ဘယ့်နှယ်ရှိစ...
 

အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ လီဗာပူး ချစ်သူတွေရဲ့ Fans Gathering

Wednesday, 01 April 2009 00:12

၂၀၀၈ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၊ ရန်ကုန် မြို့ လယ်က ဘားလမ်း၊ Mr. Brown Café မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမှ လီဗာပူး ချစ်သူတွေရဲ့ ပထမဆုံး အကြိမ် Fans Gathering & Prize Give Away Ceremony for 2007-08 ကတော့ အောင်မြင်စွာပဲ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

နေ့လည် (၂)နာရီမှာ အခမ်းအနား စတင်မယ်လို့ သတ်မှတ် ထားပေမယ့် ကျွန်တော့်တို့ လီဗာပူးအသင်း ချစ်သူများဟာ ၁၂နာရီ ကျော်ကျော် လောက်ကတည်းက တစ်ယောက် ချင်းရော၊ အဖွဲ့လိုက်ပါ စုံညီစွာ တက်ရောက် လာခဲ့ကြတာ တွေ့မြင်ခဲ့ရပါတယ်။ နေ့လည် (၂) နာရီမှာတော့ လူက ၄၀ ကျော် ၅၀လောက် အထိ လာရောက်ခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်တို့ စီစဉ်သူများ အဖွဲ့ကတော့ မနက်ကတည်း ကျွန်တော်တို့ ရုံးခန်းဖြစ်တဲ့ Ideal Technology မှာ စုဝေးကာ ကြိုတင်ပြင်ဆင် ခဲ့ကြ ပါတယ်။ နေ့လည် Mr. Brown Café ကို ရောက်ချိန်မှာလည်း အခန်း တစ်ခုလုံးကို ရဲရဲတောက် သွားအောင် လီဗာပူး အလံတွေ၊ Vinyl တွေ၊ အင်္ကျီတွေ၊ တခြား အမှတ်တရ ပစ္စည်းတွေ၊ မဲဖောက်ပေးမယ့် ပစ္စည်းတွေနဲ့ ကြိုးစား ပြင်ဆင် ခဲ့ကြပါတယ်။ စောလျှင်စွာ ရောက်ရှိလာကြတဲ့ သူများအတွက် မပျင်းရစေအောင် မနှစ်က ဖာနန်တောရက်စ် သွင်းခဲ့တဲ့ ဂိုးတွေကို Projector နဲ့ တင်ဆက် ပြသပေးခဲ့ပါတယ်။

နေ့လည် (၂)နာရီခွဲမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရော၊ လီဗာပူး ချစ်သူတွေပါ အတော်လေး ရောက်ရှိလာကြတာမို့ အခမ်းအနား ကို စတင်ခဲ့ပါတယ်။
 

နောက်ဆက်တွဲ ခံစားချက်

Wednesday, 01 April 2009 00:12

နှင်းတွေကျနေတဲ့ လမ်းပေါ်မှာ ကျွန်တော် တစ်ယောက်တည်း အဖော်မဲ့လို့။ ဘယ်ကို ကြည့်ကြည့် နှင်းတွေ မြူတွေကလွဲပြီး ဘာမှ မတွေ့ရနိုင် လောက်အောင် နှင်းတွေ ဆိုင်းနေလေရဲ့..

ကျွန်တော် ၀တ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီ လက်ရှည်က အအေးဒဏ်ကနေ ကာကွယ်ဖို့ မလုံလောက်ဘူး ဖြစ်နေတယ်။ ကျွန်တော် မေးတွေ ခိုက်ခိုက်တုန်လို့ နေတယ်။ ရင်ထဲမှာ တဒိန်းဒိန်းနဲ့၊ ရင်ထဲ. အသည်းထဲထိကို အေးစက်နေတယ်။

အေးစက်ခြင်းအပြင် ညအမှောင်ရယ်. မြူနှင်း တွေရယ်ကြောင့် လမ်းပျောက်သူ တစ်ယောက် ဖြစ်နေရတယ်။ ရုတ်တရက် အလင်းရောင် တစ်ခုကို ရုတ်တရက် လှမ်းမြင် လိုက်မိတယ်။ တစ်ခုတည်း မဟုတ်ပါဘူး. တစ်စုံပါ. မီးရောင်တစ်စုံ…

မျှော်လင့်ချက် တစ်ခုအတွက် ရင်ထဲမှာ နွေးကနဲ ဖြစ်သွားသလို ခံစားလိုက်မိတယ်။ အလင်းရောင်က ကျွန်တော့်ဆီ တည့်တည့် တိုးဝင်လာတယ်။ တစ်စုံတစ်ခုက ကျွန်တော့်ကို တည့်တည့်ကြီးကို ၀င်တိုက် မိသွားတယ်။ အေးစက်နေတဲ့ ကျွန်တော့် ခန္ဓာတစ်ခုလုံး ရုတ်တရက် ပူနွေးသွားတယ်။ မျက်စိကို စုံမှိတ်ထားပြီး ကုန်းရုန်းထဖို့ ကြိုးစား လိုက်မိတယ်။ နာကျင်လွန်းလို့…

“အား…”
 

Page 4 of 5

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday32
mod_vvisit_counterYesterday50
mod_vvisit_counterThis week32
mod_vvisit_counterThis month251
mod_vvisit_counterAll19664

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...