Latest Comments

မြန်းဂလိခ်ျများအား စွန့်လွှတ်ဖို့ အချိန်တန်ခဲ့ပြီ

Share |
မြန်းဂလိခ်ျတွေကို ဘယ်တုန်းက စတင် ကျင့်သုံးခဲ့သလဲ ဆိုတာကတော့ အစမပြု လိုတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ မြန်းဂလိခ်ျကို စတင် အသုံးပြုခဲ့တာ ဟိုးယခင် ကတည်းက ဖြစ်နိုင်လို့ပါပဲ။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ အခုအချိန်ကလောက် သိပ်ပြီး သုံးဖြစ် ခဲ့ကြမယ်လို့ မထင်မိပါဘူး။ အခုက ဘာလို့ ဒီလောက်တောင် အသုံးတွင်ကျယ် နေရတာလဲလို့ မေးရရင် ပထမဆုံး အကြောင်းအရင်း တစ်ရပ်က ထင်ထင်ရှားရှားကို ထွက်ပေါ်လာမှာပါ။ ဒါက ချက်တင် ဆိုတဲ့... အွန်လိုင်းပေါ်မှာ အချင်းချင်း စကားပြောလို့ ရအောင် လုပ်တဲ့ စနစ်တစ်ခု မြန်မာတွေ စတင် အသုံးပြုခဲ့ရာက စတင်ခဲ့တာ ပါပဲ။

ဟိုးအရင်က မြန်မာပြည်မှာ အင်တာနက် စရခါစက အချိန်ကို ပြန်စဉ်းစား ကြည့်လိုက်ရင် သူများတွေ မပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း အမ်အိုင်အာစီ ချက်တင်ပေါ်တက်ပြီး တစ်နေ့ တစ်နေ့ ချက်လိုက်ရတာ အမော... ဒီအချိန်လေးမှ ဒီနေရာလေးကို မသွားလိုက်ရရင် ဘာလိုလို့ လိုနေမှန်း မသိလောက်အောင်... တော်သေးတာက အဲ့ဒီခေတ် အဲ့ဒီအခါက အင်တာနက်ဆိုတာ သုံးနေသရွှေ့  ပိုက်ဆံတွေလည်း ပေးနေရတဲ့ အချိန်ပေါ့... အင်တာနက် ဆိုင်ဆိုတာတွေ မပေါ်လာသေးသလို အိမ်တွေမှာ မိုဒမ်လေးတွေနဲ့ စပြီး သုံးခါစ အချိန်ပေါ့။၏ အက်စက်စ်ကစ် ဆိုတာလည်း မရှိဘူး။ ကိုယ်ပိုင် အကောင့်တစ်ခုသာ မရှိရင် သုံးလို့ မရသေးချိန်ပေါ့... ဆိုတော့ သုံးသလောက်က ပိုက်ဆံက ထွက်နေတော့ အနည်းဆုံးတော့ အဟန့်လေး ဖြစ်ခဲ့တယ်လေ။ ထားပါလေ... ပြောရင်းနဲ့ လမ်းလွဲသွားတာ...

ပြောချင်တာက အဲ့ဒီ အမ်အိုင်အာစီ ချက်တင်ခေတ်မှာ စပြီး မြန်မာ လူငယ်လေးတွေ ချက်တင်ကို စပြီးသုံးချိန်မှာ အချင်းချင်း ပြောကြရာမှာ မြန်မာစာ ရိုက်လို့ မရတဲ့ ပြဿနာကြောင့် အင်္ဂလိပ် စာလုံးတွေကိုပဲ အသုံးပြုပြီး ပြောနေရသေးချိန်ပေါ့။ ဆိုတော့ အင်္ဂလိပ်လို ပြောမလား၊ ပြောချင်သလို ပြောမလား ဆိုတာ ပြောတဲ့သူရဲ့ ရွေးချယ်မှုပဲလေ။ ဘယ်သူကမှလည်း ဘယ်လိုပဲ ပြောရမယ်လို့ မသတ်မှတ်ထားတော့ ပြောချင်သလို ပြောခဲ့ကြတာက ပိုပြီး များနေတယ်လေ။ အဲ့ဒါက အစ ပထမပေါ့...

အခုတော့ ဇော်ဂျီဖွန့် ကောင်းမှုနဲ့ မြန်မာလို ချက်လို့ ရပြီဆိုတဲ့ အနေအထား တစ်ခုကို ရောက်လာခဲ့ပါပြီ။ ဂျီတော့ခ် လိုမျိုး ကိုယ်နဲ့ ခင်တဲ့မင်တဲ့ သူတွေနဲ့ပဲ ပြောလို့ရအောင် လုပ်ပေးထားတဲ့ အဆင့်မြင့်တဲ့ နည်းတွေလည်း ပေါ်ပေါက် လာခဲ့ပါပြီ။ ချက်တင် ဆိုတာကလည်း အပျော်သဘော သက်သက် မဟုတ်တော့ဘဲ အလုပ်သဘော ဆန်ဆန် ပြောဆိုနေကြတာတွေ ပိုပိုပြီး များလာခဲ့ပါပြီ။ ဒါပေမယ့် မပြောင်းလဲ သွားတာက မြန်းဂလစ်ခ်ျကို အသုံးချနေတဲ့ အသုံးပြုသူ ချက်တာတွေပါပဲ။

ကျွန်တော့် အမြင် ကျွန်တော့် အထင်ကတော့ မြန်မာစာ သုံးရင် မြန်မာလိုပဲ ပြောသင့်ပြီး အင်္ဂလိပ်စာ သုံးရင် အင်္ဂလိပ်လိုပဲ ပြောသင့်ပါတယ်။ အလွယ်လမ်းစဉ် လိုက်ပြီး အလွယ် ဖြစ်သလိုပဲ ချက်နေမယ် ဆိုရင် နဂိုကမှ ချက်တာ အကျိုး မရှိပါဘူးလို့ ဝေဖန်ခံနေရတဲ့ နည်းပညာ တစ်ခုဟာ မြန်းဂလစ်ခ်ျကြောင့် ပိုပြီးတော့တောင် ညစ်နွမ်း သွားနိုင်ပါတယ်။ မြန်မာလို မရိုက်တတ်လို့ ဆိုတဲ့ ကိုယ့်အားနည်းချက် တစ်ခုကို ပြင်ပြီး မြန်မာလို ရိုက်တတ်အောင် ကျင့်ပြီး ပြုပြင်သင့်ပါတယ်။ အင်္ဂလိပ်စာ မတတ်လို့ ဆိုတဲ့ ကိုယ့်ရဲ့ အားနည်းချက် တစ်ခုကို အင်္ဂလိပ်စာ တတ်အောင် ကျင့်ပြီးတော့ ကောင်းအောင် လုပ်ဆောင် သင့်ပါတယ်။ ဒီအတိုင်း ထိုင်နေ သရွှေ့ တော့ ဒီအတိုင်းပဲ ရှေ့ ဆက်နေကြ ရဦးမှာပါ။ ဖြစ်လာတာ မဖြစ်လာတာကို ခဏထားပြီး အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်လို့ ထင်ပါတယ်။

အခုချိန် အခုအခါမှာ အင်တာနက် သုံးသူ၊ ကွန်ပျူတာ အသုံးပြုသူ အတော်များများ မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်မျိုးစလုံးကို တော်တော်လေးကို ရိုက်နိုင်နေကြပါပြီ။ ရိုက်တတ်နေကြပါပြီ။ ဒီအချိန်မှာ ကိုယ်က နောက်မှာ ကျန်နေခဲ့ပြီး မြန်မာစာလည်း မရိုက်တတ်၊ အင်္ဂလိပ်လိုလည်း မပြောတတ်၊ ပြောကလည်း ပြောချင်၊ ချက်ကလည်း ချက်ချင် ဆိုရင်တော့ ဒီမြန်းဂလိခ်ျကနေ တက်တော့မှာ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုပဲ ပြောချင်ပြော၊ မြန်မာလိုပဲ ချက်ချင်လည်းချက်။ ဒါပေမယ့် မြန်းဂလိခ်ျကတော့ ဘာသာစကား တစ်ခု လုံးဝ မဟုတ်ပါဘူး။

အဆုံးသတ် ရရင်တော့ ကျွန်တော်တို့မှာ မြန်မာစာ မြန်မာစကား မြန်မာစာလုံးတွေ သတ်သတ်မှတ်မှတ် ရှိပြီးသားပါ။ သူများရဲ့ ဘာသာ စာလုံးတွေကို အသုံးပြုပြီးမှ ကိုယ့်ဘာသာ စကားရဲ့ အသံထွက်မယ် ဆိုရင် ဒါဟာ လွဲမှားမှု တစ်ခုပါပဲ။ ဆိုတော့ ကြိုးစား ကြည့်ကြပါလား...

Comments (7)

Subscribe to this comment's feed
...
0
Yes, that's the right thing we should enforce ourselves.
Myanglish is also not a language however it can facilitate the pronunciation for foreigners and locals. So it is also a thing that should be existed. Nevertheless, We shouldn't destroy other perfect languages like elder singaporeans do. They are just proud of their (i can't think of adjective) Singlish language. Pity..
All in all, we should learn and use the foreign language systematically following their rules.
TnT , August 03, 2009 | url
...
0
@ကူးကူး
မှန်တယ်ကူးကူး။ အဲဒိလို မဖြစ်မနေကိစ္စတွေနဲ့ ကျနော်တို့လဲ သုံးဖြစ်ပါတယ်။ လုံးဝ မပြောရဘူးလို့ မဆိုလိုပါဘူး။ တခါတလေ emotion ပြရတဲ့ စကားပြောရတဲ့အခါ မြန်မာလိုလေးရေးလိုက်ရမှ ပိုပြီး အရသာ ရှိပါတယ်။ ကျနော်တို့ဆိုလိုတာက အဲလိုကြီးပဲ တစ်ချိန်လုံး ပြောမနေပဲ၊ တစ်ခါထဲ အကျိုးရှိရှိ တိုးတက်စေချင်လို့ပါ။

@မင်းယွန်း
အဟမ်း အဟမ်း ... အဲဒိကိစ္စ မစနဲ့ ... ဟဲဟဲ။။
kozeyar , August 02, 2009
...
0
အဟဲ မြန်မာလိုသုံးမယ်ဆိုရင်တောင် ဖောင့်အမျိုးအစား ထပ်ကွဲအုံးမယ်..။ :)
မင်းယွန်းသစ် , August 02, 2009 | url
...
0
myangalish.. သုံးတာကလဲ တစ်ချို့စက်တွေမြန်မာဖောင့်မရှိတဲ့အခါ အလွယ်ကူသုံးဖြစ်တာပါ.. ဒါကတော့ဝန်ခံတယ်.. ကျွန်မရုံးကကျွန်ပြူတာ မှာမြန်မာဖောင့်မထည့်ထားဘူး၊ သူငယ်ချင်းတွေ အရေးပေါ်လှမ်းမေးရင်.. enlgish လိုပြောတာထက် မြန်မာလိုအဓိပယ်က ပိုထိရောက်လို့ ပြောလိုက်တာ တွေရှိပါတယ်။ ဒါကိုတော့ နားလည်ပေးနိုင်ကြမယ်ထင်တာဘဲ.. မြန်မာလို မရိုက်တတ်လို့ မဟုတ်ပါဘူး၊ မြန်မာစာကို မလေးစားလို့လဲ မဟုတ်ပါဘူး.. အဆင်ပြေအောင်သုံးကြတာပါဘဲ..
ကျွန်မလုပ်ဖော်ကိုင်ဖက် အချို့တောင်... ကျွန်မနှုတ်ဆက်တဲ့ စကားလေးကိုလိုက်ပီး.. min-ga-lar-ba စသည်ဖြင့် ပြောနေကြပါတယ်။။ သူတို့ကိုမြန်မာစာလုံးလေးတွေ သင်ပေးဖို့..အတွက် english alphabet လေးတွေသုံးပီးပြောပေးတာ ပိုလွယ်ကူတာလဲပါတယ်..း)
peace..!
ကူးကူး , August 01, 2009
...
0
ဟောင်းအဘောက် ဆေးယင်းဝစ် အင်းဂမီးစ် လိုက်သပ် (ကွက်ရှင်မက်) သဲအာ အလော့ထော့ ပီးပဲ အူးဝဏတော့ အင်းဂမီးစ် အန် အပျီရှီယိတ်တူဖိုင်း ဆမ်းသင်းညူးဖော်ဖန်း(ဖူးလစတော့) သမိန်း အက်ဒဗန်းဒစ်ချစ်စ် ဘူလီးဘတ်တူ သ၀မ်း အူးတော့ဝစ် ဘားဂလစ်ရှ် တူအက်စ်(ဖူးလစတော့) သစ်စ် လန်းဂွစ်အစ်စ် ဆမ်းကိုင်းအော့ ရီဗန့်ခ်ျ(ဖူးလစတော့)
ThuKar , August 01, 2009
...
0
မှန်တယ် မိုးဝေ

ငါဆက်ပြောရရင် ...

ခုမှ ရေးနေကြသူတွေကို မကောင်းပြောတာ မဟုတ်ပါဘူး။ ကောင်းစေချင်တဲ့ စိတ်နဲ့ပြောတာပါ။ ကြိုးစားကြစေချင် လွန်းလို့လေ။ တခါတစ်ခါ စိတ်မှာ မချင့်မရဲ ဖြစ်မိတာပေါ့။ ငါလဲ တတ်နိုင်သလောက် လာပြောတဲ့ လူတိုင်းကို ဒီကိစ္စပြောပြော ပြတတ်တယ်။ အထူးသဖြင့် ခုမှ စချက်တဲ့ စရေးနေတဲ့ လူတွေကိုပေါ့။ အစထဲက ကြိုးစားလိုက်ရင် မကြာဘူး အဆင်ပြေသွားမှာပါ။

ငါတို့တောင် MIRC မှာ burglish (0r) Myanglish နဲ့ပဲ ပျော်ပျော်ကြီး သုံးခဲ့ကြသေးတာပဲ။ ငါဆို အရိုးဆွဲနေခဲ့လို့ အတော်ပြင် ခဲ့ရတာလေ။ မင်းသိပါတယ်။ အင်္ဂလိပ်စာနဲ့ အရမ်းကောင်းကောင်း ပြောတတ်တဲ့ သူငယ်ချင်းနဲ့ ဖြစ်ညှစ်ပီး လိုက်ပြောခဲ့တာလေ။ ခုတော့ အဆင်ပြေသလိုလို ဖြစ်နေဘီပေါ့။ English လိုပြောတဲ့ English လဲ လေ့ကျင့်ပြီးသား ဖြစ်တယ်။ ကောင်းကောင်း မရေးတတ်တဲ့ အတွက်လဲ ရှက်စရာမရှိဘူးလေ။ ကြိုးစားပြီးရေးပေါ့။ ဘယ်သူမှ မွေးထဲက တတ်လာတာ မဟုတ်ဘူး မလား။ နောက် မြန်မာလို ဇော်ဂျီနဲ့ ဖြစ်ဖြစ် 5.1 နဲ့ပဲဖြစ်ဖြစ် ပြောဖြစ်တဲ့ အတွက် အပြောအဆို အရေးအသားတွေလဲ တိုးတက်လာမှာပဲ။ (ငါနဲ့ နှိုင်းရရင်တော့ ငါမြန်မာစာ အရေးအသား အတော်ကြီးကို တိုးတက်လာတယ်)

အကောင်းဖက်က ပြောတယ်လို့မြင်ပြီး ကြိုးစားကြစေချင်ပါတယ်။
ကိုဇေယျာ , August 01, 2009 | url
...
0
သစ်မရခင် ဝါးကူတာလေးကို နားလည်ပေးစေချင်တယ်
သူတို့လဲ ဒီအတိုင်း တစ်သက်လုံးနေမယ် မထင်ပါဘူး
အချိန်လေး ပေးကြည့်ပေးပါလား...
ကိုလေး , August 01, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday26
mod_vvisit_counterYesterday50
mod_vvisit_counterThis week26
mod_vvisit_counterThis month245
mod_vvisit_counterAll19658

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...