Latest Comments

ကြိုးဝိုင်းထဲကလူ

Share |
၃မိနစ် ခေါင်းလောင်းသံကြောင့် မျက်လုံးပင် မဖွင့်နိုင်လောက် ဖြစ်နေသည့် သူ့အတွက်တော့ ကံကောင်းခြင်းလို့ပင် ဆိုရမလား မပြောတတ်တော့။ ကြိုးဝိုင်းထဲ စရောက် ကတည်းက အထိုးခံရ အကန်ခံရနှင့် ထိခိုက်နာကျင် နေရသည်က အလွန်တရာ။ ကြိုးဝိုင်းပြင်ပမှ ဟစ်အော် အားပေးနေကြသည့် ပရိသတ်များ၏ အသံများနှင့် အတူပင် သူကထိုးရသည့် အလှည့်ရှိသလို အထိုးခံရသည် ကလည်း အကြိမ်မနည်း။ သူ အသာရနေတဲ့ အချီဆို အချိန်ဆိုတဲ့ ၃မိနစ်က ခဏလေးလိုလို။ သူ မရှုမလှ အထိုးခံရမယ့် အလှည့်ဆိုရင်တော့ ၃မိနစ်ဆိုတာ ကြာလိုက်သည့် ဖြစ်ခြင်း။ ရှေ့ဆက်၍ သူ မည်သို့ရုန်းကန် ရမည်လဲ၊ သူ မည်ကဲ့သို့ အနိုင်ယူရမည်လဲ၊ နာကျင်သည့် ဝေဒနာများနှင့် အတူ သူ စဉ်းစားရလည်း ကျပ်နေသည်။ ဆုံးဖြတ်ရလည်း ကျပ်နေပြီ။  မကြာမီ စက္ကန့်ပိုင်းအတွင်းတွင် နောက်ထပ် တစ်ချီ ပြန်လည် စတင်ရန် ခေါင်းလောင်းသံ တစ်သံ ထပ်မံ ကြားရပေဦးမည်...

...

ဟိုးယခင်က လက်ဝှေ့ ကြိုးဝိုင်းထဲ ၀င်ရသည်ကိုပင် အစွမ်းပြခွင့်ရမည် ဆိုသည့် အတွေးတစ်ခုတည်းဖြင့် ခြေစုံပစ်ဝင် လာခဲ့ခြင်းသည်။ ယခုအချိန်တွင်တော့ သူ့အတွေးတွေက ဆန်းသစ်လို့ နေခဲ့ချေပြီ။ တကယ်တမ်း ဆိုလျှင် လက်ဝှေ့ကြိုးဝိုင်းကိုပင် စွန့်ခွါလိုနေခဲ့ပြီ ဖြစ်သည်။ သူ ယှဉ်ပြိုင်ထိုးသတ် ခဲ့ရသည့် ပွဲက မနည်းလှတော့ပြီ။ အောင်နိုင်ခဲ့သည့် ပွဲများ ရှိသလို၊ ကျဆုံးခဲ့ရသည်လည်း ရှိသည်။ ကိုယ်က အသာရ၍ တစ်ဖက်သတ် ဖိထိုးခဲ့ရသည်က ရှိသလို၊ ကိုယ်ကချည်းပင် အထိုးခံနေခဲ့ရသည့် ပွဲလည်း ရှိခဲ့ဖူးသည်။ တချို့ ပွဲစဉ်များတွင် ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူလိုက် နိုင်သကဲ့သို့ တချို့ပွဲများကျပြန်တော့ ကိုယ်က မရှုမလှ လဲကျ၊ အကွဲအပြဲဖြင့်ပင် အရှုံးပေးခဲ့ ရဖူးသည်။ မည်သို့ပင် ဆိုစေ ထိုးသတ်ပွဲတိုင်းကတော့ ဒဏ်ရာ အနာတရ ရခဲ့စမြဲပင်။ ပွဲပြီးတိုင်းလည်း ဒဏ်ရာများနှင့်သာ ကျန်နေခဲ့ရစမြဲပင်။ သူသည် ကြိုးဝိုင်းထဲက လူသားတစ်ယောက် အဖြစ်မှ အမှန်တကယ်ပင် ထွက်ခွါခွင့်ရရန် စိတ်အား ထက်သန်နေခဲ့ပြီ ဖြစ်သည်...

...

"ဒေါင်.. ဒေါင်.. ဒေါင်" ဆိုသည့် အသံက သူ့ရင်ထဲကို ဆို့တက်စေခဲ့ပြန်သည်။ နောက်ထပ် တစ်ချီ ဆက်လက် ယှဉ်ပြိုင်ထိုးသတ် ရဦးမည့် သူ့အတွက်က မျှော်လင့်ချက် သိပ်ရှိလှသည်တော့ မဟုတ်။ လက်မြှောက် အရှုံးပေးရန်ကလည်း မဖြစ်နိုင်။ မကြာခင်ပင် ပြိုင်ဘက်က သူ့ကို တရစပ် တိုက်စစ်ဆင် ထိုးသတ်ပေတော့မည်။ သူသည် နောက်ဆုံး အချီတွင် အထိနာခဲ့သည့် အလျှောက် ခံစစ်နည်းဖြင့်သာ ဆက်လက် ထိုးသတ် တိုက်ပွဲဝင်ရန် ကြိုးစားရတော့မည် ဖြစ်သည်။ ပရိသတ်များ၊ အားပေးသူများက ဆူညံစွာပင် ဟစ်အော် အားပေးနေကြသည်။ ပွဲကောင်းတစ်ပွဲ၊ အချီကောင်း တစ်ချီအတွက် တက်ကြွနေကြသည်။ သို့သော် သူရရှိထားသည့် ဒဏ်ရာတွေက မည်မျှပင် အခံရခက်နေသည်၊ မည်မျှအထိပင် အခြေအနေ ဆိုးနေသည် ဆိုသည်ကိုမူကား သူမှတစ်ပါး အခြား မည်သူကမှ မသိနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ ဆက်လက် ထိုးသတ်ရဦးမည်သာ ဖြစ်သည်။ သူသည် ကြိုးဝိုင်းထဲမှ လက်ဝှေ့သမား တစ်ဦးပင် မဟုတ်ပါလား...

မိုးဝေ
သြဂုတ် ၂၈ ၂၀၀၉

Comments (1)

Subscribe to this comment's feed
...
0
အကို့အရေးအသား တွေကတော့ တကယ့်ကို စွမ်းတယ်နော်.... ဖတ်လိုက်ရင်ပဲ ကိုယ်ကိုယ်တိုင် ခံစားနေရသလို ဖြစ်သွားတာ... အမျဲအားပေး နေမယ်နော်..
lawlawsal , September 03, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday39
mod_vvisit_counterYesterday50
mod_vvisit_counterThis week39
mod_vvisit_counterThis month258
mod_vvisit_counterAll19671

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...