Latest Comments

ရွှေလိုဥနေသည်မို့ ရွှေတုဟု ခေါ်သည်

Share |
အင်္ဂလိပ်တွေ မြန်မာပြည်ကို အုပ်စိုးချုပ်ကိုင် ထားချိန်မှာ သူ့ကိုမွေးတော့ အသားအရောင်က ရွှေလို ဥနေတာကြောင့် အားလုံးက သူ့ကို ရွှေတုလို့ပဲ ချစ်စနိုးနဲ့ ခေါ်တွင် ခဲ့ကြတယ်။ ဒီလိုနဲ့ မရည်ရွယ်ဘဲ အမည်အရင်းပါ ရွှေတု ဖြစ်လာခဲ့တယ်။ ညီအစ်မ ၃ယောက် ရှိတဲ့ သူတို့ တတွေ ငယ်ငယ်က အတော်လေး ပြည့်စုံ ချမ်းသာခဲ့ပြီး မိဘတွေ မရှိတော့တဲ့နောက် စစ်ကြီးရဲ့ ဘေးတွေ ဒုက္ခတွေ အမျိုးမျိုး ကြားမှာ ညီအစ်မတွေ ဓါးပြဒဏ်၊ လူလိမ်ဒဏ်နဲ့ ဘေးဒုက္ခပေါင်း မျိုးစုံကြားမှာ မိဘတွေ ထားခဲ့သမျှ ကြွယ်ဝမှု မှန်သမျှ တစ်ဆထက် တစ်ဆ လျော့နည်း ခဲ့တယ်လေ။ ဒီတော့လည်း သူတို့ ၃ယောက်က ငါတို့နဲ့ မထိုက်လို့ပါ ဆိုတဲ့ အတွေးနဲ့ပဲ ဘ၀ကို ဆက်လက် ဖြတ်သန်း ခဲ့ကြတယ်။ အခုတော့ အစ်မဖြစ်သူ ၂ယောက်လုံး ဆုံးပါး ခဲ့ရပြီးနောက် သူပဲ ကျန်နေခဲ့တာ နှစ်တောင် မနည်းလှတော့ပါဘူး။

x x x

သူ့မှာ သားတစ်ယောက် ရှိတယ်။ မုဆိုးမ ဘ၀နဲ့ပဲ သူ့သားကို ဆရာဝန် တစ်ယောက် ဖြစ်လာအောင် ကျွေးမွေးပြုစု ပျိုးထောင် နိုင်ခဲ့တယ်။ သားဖြစ်သူ တာဝန်ကျသမျှ နေရာမှန်သမျှ အတူ လိုက်နေတယ်။ အမေတစ်ခု သားတစ်ခုမို့ သူတို့ အမြဲလို အတူနေ ခဲ့ကြတယ်။ ဒါပေမယ့် တစ်နေ့ သားဖြစ်သူက ဝေးလံပြီး ရာသီဥတု ကြမ်းတမ်းတဲ့ ဒေသ တစ်ခုမှာ တာဝန်ကျတော့ သူက အသက် အရွယ်လည်း ရနေပြီမို့ မြို့မှာပဲ မြေး ၄ယောက်နဲ့ အတူ နေကျန်ရစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀နှစ် ကတည်းက သူနဲ့ သူ့သား ခွဲခွါပြီး အတူ မနေနိုင် ခဲ့ပေမယ့် သားဖြစ်သူက တစ်နှစ်ကို တစ်ကြိမ်တန်သည်၊ နှစ်ကြိမ်တန် သည်တော့ မြို့ကို အရောက် ပြန်လာတာကြောင့် လုံးဝ မတွေ့ရတာ မျိုးတော့ မဟုတ်ခဲ့ပါဘူး။ အစပိုင်းက ဖုန်းအဆက် အသွယ်တောင် အတော်လေး ခက်ခဲလွန်းတာကြောင့် သူတို့ စကားတောင် ပြောခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆက်သွယ်ရေးတွေ ပိုပြီးကောင်း လာခဲ့တာကြောင့် လွယ်လွယ်ပဲ ဆက်သွယ် ပြောဆို နိုင်လာ ကြတယ်လေ။

x x x

မြေး ၄ယောက်နဲ့ နေရတဲ့ အဘွားရဲ့ အဖြစ်ကို စဉ်းစားကြည့်ပေါ့။ ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာ။ ဒါပေမယ့် အခုတော့ မြေး ၂ယောက်က အိမ်ထောင် ပြုသွားတော့ မြစ် ၂ယောက်တောင် ရနေခဲ့ ပြန်ပြီလေ။ ဟိုတစ်နေ့က ကျွန်တော် ရုံးကအပြန် သူ့အတွက် ရှမ်းခေါက်ဆွဲ ၀ယ်သွားပြီး စားမလား မေးတော့ စားမှာပေါ့တဲ့။ စားပွဲမှာ အကျအန ထိုင်ပြီး စားမယ် လုပ်နေကာမှ တစ်လုတ်တောင် ကောင်းကောင်း ဗိုက်ထဲ မရောက်သေးဘူး မူးမိုက်ပြီး ခေါင်းက ငိုက်စိုက် ကျသွားတယ်လေ။ ကျွန်တော်နဲ့ ညီလုပ်သူရယ်၊ မရီး လုပ်သူရယ်၊ နောက် အဖွား အဖော်ရအောင် လာနေပေးတဲ့ အစ်မရယ် အားလုံး ပြာပြာသလဲ ဖြစ်ကုန် တော့တာပေါ့။ သွေးတိုင်းကြည့်တော့ သွေးတိုးနေတာ သိရတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ လူကြီးဆိုတော့ တစ်ခါတလေ ဖြစ်နေကျ အတိုင်းပဲ အားပြတ်သွားတာ နေမှာပါ။

သူက ပိန်တယ်။ အစား စားတာကလည်း အရမ်း နည်းတယ်လေ။ အာဟာရ ပြည့်တဲ့ ဖျော်ရည်တွေကို မကြိုက်ဘူး။ ဆိုတော့ တစ်ခါ တစ်ခါတော့ အားနည်းလွန်းပြီး ကျန်းမာရေး ချူချာတတ်တယ်။ ဒါပေမယ့် အခုထိ လမ်းကောင်းကောင်း လျှောက်နိုင်တယ်။ စာအုပ် ကောင်းကောင်း ဖတ်နိုင်သေးတယ်။ မနက်တိုင်း တီဗီက တရားနာတယ်။ သူ့ဖာသာ မရမက ဖွင့်တယ်။ တစ်နေ့က ညီလုပ်သူက သူ့ကိုပြောတယ်။ တီဗီက ဖွင့်ရင် ခဏတော့စောင့်ပါ။ စိတ်မရှည်ဘဲ ရမ်းမနှိပ်နဲ့လေတဲ့။ ပြောမှာပေါ့။ သူက တီဗီရှေ့ အိပ်တဲ့သူ ဆိုတော့ တီဗီက ရှဲဆိုတဲ့ အသံကြီးကြောင့် သူ ခဏခဏ လန့်နိုးခဲ့တာကိုး။ တစ်ခါတစ်ခါ ဇာတ်လမ်းလည်း လာကြည့်တတ်တယ်။ အကုန်မြင် ရလို့တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဘောလုံးပွဲ ရှေ့မှာ လာထိုင်ပြီး ဘယ်သူနဲ့ ဘယ်သူလဲ မေးတတ်လွန်းလို့ ကျွန်တော်တို့က သိတာလည်း မဟုတ်ဘဲနဲ့ ဆိုပြီး အော်အော်လွှတ်တတ် သေးတယ်လေ။ မှတ်ဉာဏ်ကတော့ တော်တော်လေး ကောင်းတဲ့ အထဲပါတယ်။
ငယ်ငယ်က ရွာမှာ ကျောင်းမရှိလို့ မြို့တက်ပြီး ကျောင်းထားတော့ သူက မအေလုပ်သူကို လွမ်းလို့ မအေ လုပ်သူကလည်း သူ့ကို လွမ်းလို့ ဆိုတာနဲ့ အတန်း ပညာကို ကောင်းကောင်း မဆည်းပူးခဲ့ ရပါဘူး။ ဒါပေမယ့် သူက စာအုပ်တွေ ဖတ်တယ်။ ဗဟုသုတ အကုန် ရှာမှီးတယ်။ မြေးတွေကို ဆုံးမရင် ရှေးစာဆိုတွေ ရေးခဲ့တဲ့ စာတွေကို အပိုဒ်လိုက် အပုဒ်လိုက်။ ကျွန်တော် မှတ်မိသေးတယ်။ ဆယ်တန်းတုန်းက သူပြောတဲ့ စကားပိုဒ်တွေကို လိုက်မှတ်ပြီး စာစီစာကုံးထဲ ထည့်ထည့် ရေးခဲ့တာပေါ့။

ဒါတင်လား ဆိုတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ငယ်ငယ်လေး တည်းက ဆိုဆုံးမခဲ့မှုတွေက အခုချိန်မှာ ပြန်ပြီး စဉ်းစားကြည့်ရင် ကျွန်တော့်တို့ အပေါ်မှာ အတော်လေး လွှမ်းမိုး ထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ ဆုံးမမှုတွေကို ခံယူခွင့် ရခဲ့တာကို အတော်လေး ကျေနပ်တဲ့သူပါ။ တစ်ခုတော့ ရှိတာပေါ့။ အဲ့ဒီလို ခံယူတယ်လို့ ပြောပေမယ့် အခုနောက်ပိုင်း ကျွန်တော်တို့ လူငယ်တွေက လူကြီးတွေ အပေါ် နားလည်မှု မပေးဘဲ ပြန်ပြန် အော်ပြောတာ တွေက ရှိနေတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ စိတ်ရင်း ထဲကတော့ အဲ့ဒီလို သဘော မဆောင်ဘူး ဆိုတာ ကျွန်တော်တော့ ယုံကြည်ပါတယ်။

သူက အိမ်မှာ နေသူလေ။ ကျွန်တော်နဲ့ ကျွန်တော့်ညီ၊ အခုဆို သူ့သား ကျွန်တော်တို့ အဖေလည်း ရောက်နေတာမို့ ညဆို အချိန်တန်လို့မှ မြေးတွေ၊ သားတွေ မတွေ့ရရင် ဖုန်းတစ်လုံးနဲ့ လျှောက်ဆက် ပါလေရော။ ကျွန်တော်ကလည်း အမြဲ နောက်ကျ တတ်သူလေ။ ညတိုင်း ကျွန်တော်က နောက်ကျမယ်။ မလာရင်လည်း မဆက်နဲ့ ဘာညာ ပြောတာပေါ့။ ဒါပေမယ့် သူကတော့ စိတ်ပူလို့ ဆိုပြီး အမြဲလိုပဲ ဆက်တယ်။ ၈နာရီ ၉နာရီဆို ဖုန်းက လာပြီ။ ပြန်မလာ သေးဘူးလား၊ နောက်ကျမှာလား တစ်လှည့်စီ မေးပြီး ကျွန်တော်က နောက်ကျမယ်။ မလာသေးဘူး။ ပြောရတာပေါ့။ တစ်ခါတစ်ခါ ကျတော့လည်း သူများတွေ အိမ်ပြန် မလာတာကို ကျွန်တော့်ဆီ ဖုန်းဆက်ပြီး သူတို့ မင်းဆီ ရောက်နေလားက မေးတတ်သေးတယ်။ ကျွန်တော်လည်း တစ်ခါတစ်ခါ ညစ်ပြီး ဘယ်လို လုပ်သိမှာလဲ။ အချိန်တန် ပြန်လာမှာပေါ့ လို့ပဲ ပြန်ပြောရတယ်။ တစ်ခါတစ်ခါ စိတ်ညစ် နေချိန်ဆို ပြန်အော် လိုက်တာပဲ။ ဒါပေမယ့် သူကတော့ အင်းအင်း. ပြီးရော ဆိုပြီး ဖုန်းကို ချချ သွားတာ ပါပဲ။

ဒီလိုပါပဲ။ တစ်ခါတစ်ခါ သူက မြစ်တွေနဲ့ နေရတာကို ပျော်သူလေ။ တစ်ခါတုန်း ကလည်း မြစ်လုပ်သူက သူ့ကို ဆွဲတာ နှစ်ယောက်စလုံး ဒလှိမ့်ကောက်ကွေး ကြမ်းပေါ် ပြုတ်ကျ ပါလေရော။ ကံကောင်းလို့ပေါ့ ခေါင်းတွေ ဘာတွေ ဘာနဲ့မှ မဆောင့်မိလို့။

ဒီနေ့တော့ သူ့အသက် ၉၀ ပြည့်တဲ့နေ့လေ။ တက်ကြွစွာပဲ မွေးနေ့မှာ အလှူတွေ လုပ်ပြီး ကျေနပ်နေလေရဲ့။

Comments (8)

Subscribe to this comment's feed
...
0
အဘွားရဲ့ ဂုဏ်နဲ့ ကျေးဇူးကို သိတတ်တဲ့ မြေးလေး ဒီထက်ပိုပြီး အောင်မြင် ပါစေလို့ ဆုတောင်း ပေးပါတယ်ဗျာ ...
M , December 15, 2009
...
0
အဘွားကို ပြန်အော်တာ ကိုယ့်ကလဲ့ ကျရင် ၀ဋ်လိုက် လိမ့်မယ်.. မကြောက်ဘူးလား.. ဟဟ.. အခုတောင် ဆင်ပုပ် ပြောသလို တူနေတာ။ :P
ရွှေမိုးသည်း , November 03, 2009
...
0
H@PPY B!RTHD@Y ဖွားတု.. :D
လယ်လယ်ဆော , November 02, 2009 | url
...
0
အဘွားနဲ့ အတူဆုံးမြေးပေါ့ ဟိဟိ :P
ဆိုးလိုက်တာတော် အဘွား ဖုန်းဆက်တာကို "အင်းအင်း. ပြီးရော ဆိုပြီး ဖုန်းကို ချချ သွားတာ" တဲ့တော်..... ဆိုးပါ့
တော်တာ , November 02, 2009
...
0
pls say Happy Birthday to "ဖွားတု"..
Zin Mon , November 02, 2009
...
0
မိုးမိုးရေးသမျှ ဒီတခု အကြိုက်ဆုံးပဲ။
gr8 , November 02, 2009
...
0
Happy Birthday ဖွားတု !!
ဖွားတုကို မတွေ့တာ ၂ နှစ်လောက်တောင် ရှိတော့မယ်။ စာဖတ်ရင်း လွမ်းတောင်လာဘီ။ ဟင့် :(

နောက်ပီး ခုထိ သူမေးတဲ့ ညဏ်စမ်းတွေ မဖြေနိုင်သေးဘူး။ :P ဟီးဟီး။

kozeyar , November 02, 2009 | url
...
0
အဖွားတူမြေး.. ပိန်သည်။
ဟိဟိ
ဆင်ပုပ် , November 02, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...