Latest Comments

မပြီးဆုံးသေးတဲ့ တစ်နေ့တာ

Share |
အခု ၁၁နာရီ ၂၄မိနစ် ဆိုတော့ ခဏဆို ညဥ့်သန်းခေါင်ပေါ့။ ဒါပေမယ့် တစ်နေ့တာ အလုပ်တွေက ပေးမပြန် သေးတော့လည်း ဗိုက်ဆာဆာ အိပ်ငိုက်ငိုက် နဲ့ပဲ ဆက်ပြီး လုပ်နေ ရတယ်လေ။ ဘယ်တတ် နိုင်မလဲ? ကိုယ်ပဲ စခဲ့မိတာ ဆိုတော့…

ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်ပါတော့မှာ ပါလားလို့ တွေးမိတယ်။ ဒါပေမယ့် တကယ်တန်း ဒီလို ညတွေကတော့ တစ်နှစ် မရှိသေးတာ အမှန်ပါ။ အခု ခဏနေရင် ကျွန်တော် အိမ်ကို ပြန်မယ်။ အိမ်ကို ရောက်ရင် သန်းခေါင်ကျော် ဖြစ်နေပြီမို့ ရေချိုး ထမင်းစားပြီး အိပ်ယာထဲ တန်းဝင်ရုံပေါ့။ အိပ်ယာထဲ ရောက်တော့ ခေါင်းအုံးအောက်မှာ ထားထားတဲ့ ဖတ်လက်စ စာအုပ်ကို လှန်ပြီး ဖတ်မိမှာပေါ့။ ဒါပေမယ့် စာမျက်နှာ အရေအတွက် သိပ်မများ ခင်မှာပဲ ကျွန်တော် မျက်လုံးတွေ ပိတ်တော့မှာမို့ စာအုပ်ကို ဘေးချပြီး အိပ်ရတာ ပဲလေ။ ဒါက ခဏနေရင် ကြုံရတော့မယ့် ကျွန်တော့် ဖြစ်စဉ်တွေပေါ့။ ဖြစ်ပါများတော့ ဘာပြီး ဘာလဲ အလွတ်ပါ ရနေပြီလေ။ ဒါဟာ ကျွန်တော့်ရဲ့ နေ့တစ်နေ့ကို အဆုံးသတ် လိုက်ချိန်ပေါ့။

မနက် ဆိုရင်တော့ ကျွန်တော် အစောကြီး မနိုးပါဘူး။ ကျွန်တော် နိုးရင်လည်း မထပါဘူး။ ဒါတောင် အခုနောက်ပိုင်း စိတ်ဒုံးဒုံးချပြီး ဖြစ်ချင်တာ ဖြစ်ကွာလို့ တွေးခဲ့လို့ပေါ့။ အရင်ကလို အစောကြီး ထဖို့ မလိုတာကြောင့် စောစော နိုးခဲ့ရင်လည်း ဆက်အိပ် နေလိုက်တာပဲ။ ဒါပေမယ့် ၈နာရီ ကျော်လို့ မခွဲ ခင်မှာတော့ ထဖြစ်ဖို့ လိုတာကြောင့် ကုန်းရုန်းထ ရတာပါပဲ။ ရေမိုးချိုး ကိုယ်လက် သန့်စင်ပြီးတော့ မနက်စာ မုန့်နဲ့ ကော်ဖီကို စားသောက်ပြီး ခြေလှမ်း မှန်မှန်နဲ့ ထမင်းချိုင့် ဆွဲပြီး ရုံးကို ချီရတာ ပါပဲ။ တစ်လမ်းလုံး ပဋ္ဌာန်းရွတ် လာရင် ရုံးရောက်ရင် ပဋ္ဌာန်း ဆုံးတာမို့ အချိန်က ကွက်တိပါပဲ။

အခန်းထဲ ၀င်၊ စက်ကိုဖွင့်၊ ဘာတွေများ ဖြစ်နေမလဲ ဆိုတဲ့ အတွေးနဲ့ စပြီးတော့ အလုပ် များပြီပေါ့။ ဒါပေမယ့် မနက်ခင်း စတင်ပုံက တစ်နေ့နဲ့ တစ်နေ့ သိပ်တော့ မတူလှပါဘူး။ မတိုင်ခင် ညအပေါ် မူတည်ပြီး အလုပ်ပိုများ မလား၊ ခေါင်းခြောက်စရာ များမလား ဆိုတာက ရှိသေးတယ်လေ။ လုပ်စရာ ရှိတာ အကုန်လုံးကို တရဆတ် သုတ်ခြေတင်ပြီး အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံး စီးရတာလည်း ကျွန်တော် ပါပဲ။ အဲ့ဒီလို အချိန်ဆို တစ်လောကလုံး ကိုတောင် မေ့ထား လိုက်ချင်တယ်။ အာရုံတွေ များပြီး ထွေပြားမှာ စိုးပေမယ့် ဘယ်အချိန် ဘာပဲဖြစ်ဖြစ် လက်တွေကတော့ အငြိမ်မနေ ရတာ အမှန်ပါပဲ။

ကီးဘုတ် လက်ကွက်ပေါ်က အသံတွေ ဆက်တိုက် ထွက်နေပြီး ခေါင်းကလည်း ဆက်တိုက် အလုပ်တွေ လုပ်နေရတာက နေ့စဉ်တိုင်း အကျင့်ပါ နေပြီမို့ သိပ်တော့ မထူးလှပါဘူး။ ဒါပေမယ့် ကြောက်မိတာ တစ်ခုတော့ ရှိပါရဲ့။ မထင်မှတ် ထားတဲ့ ပြဿနာနဲ့ အခက်အခဲတွေ ရှိနေမယ် ဆိုရင် လက်က မနားရတဲ့ ကြားထဲ စိတ်က ဗျာများ ထွေပြားနေရ ပြန်တာမို့ စိတ်အပျက်ဆုံး ဆိုတဲ့ နေ့တွေလည်း ကြုံဖူး ပါလေရဲ့။

ထမင်းစားချိန်က နေ့လည် ၁၂နာရီ မပြောနဲ့ ၁နာရီ ထက်တောင် စောစားမိတဲ့ နေ့များ ရှိရဲ့လား ပြန်တွေးမိတယ်။ ဒါပေမယ့် နေ့တိုင်း လုပ်နေကျမို့ အကျင့်ပါပြီး မဆာတော့ တာလည်း ဖြစ်နိုင်ပါရဲ့။ ဒီနေ့ဆို ထူးထူးခြားခြား အပြင် ပါသွားပြန်တော့ ညနေ ၅နာရီ ကျော်မှ ထမင်းစား ဖြစ်တယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က အခြေအနေ မကောင်းတော့မှာ စိုးပြီး အပြင်ကပဲ မှာစားလိုက် ရသေးတယ်။ လုပ်စရာ တွေက ညနေက အပြင်က ပြန်လည်တည်းက တစ်ခုပြီး တစ်ခုပေါ့။ အခုထိလည်း ကိစ္စ တစ်ခုကို ထိုင်စောင့်နေရင်း အလကား ထိုင်နေရင် မထူးပါဘူး ဆိုပြီး လက်အငြိမ် မနေနိုင်ဘဲ ကမြင်းနေမိ ပြန်ပြီလေ။ ကဲ အဲ့ဒါပါပဲ။ ဒီလို ကြားဖောက်ပြီး လုပ်တာ နေ့တိုင်း မဟုတ်ပေမယ့် ခဏ နေရင်တော့ နေ့တိုင်း လုပ်နေကျ ပုံစံခွက်ထဲ ကျွန်တော် ပြန်ရောက် တော့မှာမို့ ဒီလောက်ပါပဲ လို့သာ…

မိုးဝေ
၁၁း၃၉
နိုဝင်ဘာ ၅ ၂၀၀၉

Comments (5)

Subscribe to this comment's feed
...
0
ta minn chat sa yar ma lo dar a yann kg del
taw par dot
aat , July 18, 2010
...
0
တစ်နေ့တာ ပုံစံခွက်ထဲ ရောက်ရတာ တော်တော်လေး စိတ်ပျက်စရာ ကောင်းပေမယ့် မရုန်းထွက် နိုင်သေးတော့လဲ မတတ်နိုင် ဘူးပေါ့ဗျာ .....
Hero7 , December 18, 2009
...
0
ဒါကလဲ ဘ၀ပါပဲ
ကျွန်တော့်သားက အခုအိပ်ခါနီး သီးချင်းဆိုရင်
ဘ၀ ဘ၀ ဘ၀ ဘ၀ တဲ့
တရား သဘေားလား ရက်(ပ်)လား မသိဘူး။
ဒါပေမယ့် မိုးဝေဟာ မိုးဝေပါပဲ။
ကိုမိုးဝေဟာလဲ မိုးဝေပါပဲ။
ဦးမိုးဝေဟာလဲ မိုးဝေပါပဲ။
pmo , December 18, 2009
...
0
ငှက်ပျောတုံးတွေရမယ
paradise , November 09, 2009 | url
...
0
ဒီလို နေ့တိုင်းချည်း ပုံစံခွက်ထဲမှာ နေရင်တော့ မဖြစ်ချေဘူးကွယ်။
ဘယ်မှာလဲ ပျော်ရွှင်မှု ဘယ်မှာလဲ ကြည်နူးမှု...
ဒီလိုနဲ့ပဲ .... လူပျိုကြီး မိုးဝေဆိုပီး ငှက်ပျောတုံးကြီး ဖက်နေရဦးမှာ မြင်ယောင်မိပါရဲ့ ဟဲဟဲ
:P
တော်တာ , November 06, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...