Latest Comments

လွဲလွဲလေးပဲ ကောင်းပါတယ်

Share |
လှည်းတန်း စိန်ဂေဟာ ရှေ့နားတွင် လမ်းဖြတ်အကူး သူ့ထံတို့ တည့်တည့်ကြီး ၀င်တိုးလာတဲ့ ဗန်ကား တစ်စီးကြောင့် သူ ဆံပင်မွှေးတွေ ထောင်သွားခဲ့သည်။ ခြေလှမ်းက လမ်းဘေးသို့ ရောက်ဖို့ မိုင်ကုန်ဖွင့် ပြေးပေမယ့် ကားက သူ့ထံသို့ပင် တည့်တည့်ကြီး လိုက်ပါလို့ လာခဲ့သည်။ ဘယ်ညာ ဘယ်လိုပင် ယိမ်းယိမ်း တဖြေးဖြေး နီးကပ်လာခဲ့တဲ့ ကားကြောင့် သူမှာ မျက်လုံးပြူး မျက်ဆံပြာ ဖြစ်နေခဲ့ရသည်။ ရှောင်လို့မှ မလွှတ်နိုင်တော့ တာကြောင့် အမြင်အာရုံ အလုံးစုံကို အမြန်ဆုံး ပြတ်တောက်စေရန် အလို့ငှာ မျက်လုံးစုံမှိတ်ပြီး ကံစီမံရာဟုသာ သူတွေးနေ လိုက်တော့သည်။ မြင်းရိုင်း တစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ၀င်ဆောင့်လုနီးနီး ဗန်ကားလေးသည် သူ့ရှေ့ အရောက်တွင် ကျွီခနဲ မည်ကာ ရပ်သွားခဲ့ပြီး အသက် အန္တရာယ်မှ သီသီကလေးပင် လွှတ်မြောက်ခွင့် ရခဲ့သည်။ လန့်ဖြန့်ကာ အယောင်ယောင် အမှားမှား ဖြစ်နေသည့် သူ့မြင်ကွင်းတွင်ကား ကားအတွင်းမှ ကြောင်တောင်တောင် ကားဒရိုင်ဘာက စကားတစ်ခွန်း လှမ်းပြောသည်ကို မကြားတကြားနှင့်သာ ကြားခွင့်ရလိုက်သည်။ ထိုစကားမှာကာ တောင်းပန် စကား ဆိုသော်ငြား တမူထူးဆန်းနေပေသည်။ "ဆောရီးနော်.. ဆောရီး... ကျွန်တော့် သူငယ်ချင်း ထင်လို့ နောက်လိုက်တာ" တဲ့

x x x

အထက်က ဇာတ်လမ်းလေးက တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လေးလေးပေါ့။ သိပ်တောင် မကြာသေးပါဘူး။ ကားတိုက်ခံရလု နီးနီးဖြစ်ခဲ့တာ ကျွန်တော်လို့တော့ မထင်ပါနဲ့၊ မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ အဲ့ဒီဇာတ်လမ်းထဲက ဇာတ်လိုက်က အမည်မသိ လူတစ်ဦးသာ ဖြစ်ခဲ့ပြီး လူပြက်လို့ ဆိုရမလား၊ လူဆိုးလို့ ဆိုရမလား မသိတဲ့ ကားဒရိုင်ဘာကတော့ ကျွန်တော့် သူငယ်ချင်း အရင်းခေါက်ခေါက် ကြီးပါပဲ။ တစ်လောက ကျွန်တော် ရေးခဲ့တဲ့ ငတက်ပြား ဇာတ်လမ်းထဲက ဇာတ်လိုက်ပေါ့။ ဟိုတစ်ယောက်တော့ ဘယ်လို တွေးကျန်ခဲ့မလဲ မစဉ်းစား တတ်အောင်ပါပဲ။

ကျွန်တော်တို့ တတွေ ဘ၀တစ်လျှောက် ခဏခဏ အမျိုးမျိုး လွဲကြ မှားကြ ဖူးပါတယ်။ ဒီအမှားတွေ ထဲက ပြန်ပြောပြချင်စရာ ကောင်းလောက်တဲ့ အမှားတွေကို ရေးကြည့်ချင်တာနဲ့ အခုလို ရေးလိုက်တာပါ။ ဒီအောက်က အဖြစ်အပျက်လေး ဖတ်ကြည့်ပါဦး။

x x x

တစ်ခါကျတော့ နေပြည်တော်မှာ Network တွေ သွားချိတ် ပေးတုန်းက မီတာ ၅၀ကျော် ဝေးတဲ့ နေရာ ၂နေရာကို ကြိုးနဲ့ ချိတ်ရပါတယ်။ အပေါ်ထပ် အောက်ထပ် မိန်းကြိုး အနေနဲ့ အဲ့ဒီကြိုးကို ခဲရာခဲဆစ် နေရာပေါင်း မျိုးစုံ ဖြတ်ပြီး နံရံကပ် မီးပြားတွေ ထဲမှာ ထည့်ရပါတယ်။ ဒီလိုနဲ့ မီးပြားတွေထဲ သေချာ ထည့်လာရင်း ခရီးတစ်ဝက်လောက် အရောက် မီးပြားထဲ ကြိုးလိုက်ထည့်တဲ့ ဆရာသမားက ၁၀ပေကျော် အမြင့် တစ်နေရာမှာ လှေကား ထိပ်ဆုံးမှာ ရပ်ပြီး မီးပြားကို လိုသလို ကွေးဖို့ အတွက် Cutter နဲ့ ညှပ်ရပါတယ်။ ဒါပေမယ့် ကျေးဇူးရှင် ဆရာသမား ညှပ်လာတာ မီးပြားမဟုတ်ဘဲ Network Cable ဖြစ်နေခဲ့တယ်လေ။ လွဲမှ လွဲတတ်ပါ့ ဆရာရယ်။ တစ်က ပြန်စဖို့လည်း မဖြစ်နိုင်တာကြောင့် ၁၀ပေကျော် အမြင့်မှာ ကြိုး ၂စကို ဆက်ရပါ တော့တယ်။ အလုပ်နဲ့ ပတ်သက်ပြီး မမေ့နိုင်တဲ့ အကြောင်းလေးပေါ့။

ဒီလိုပြောပြန်တော့ တစ်ခု သတိရမိသေးတယ်။ ကွန်ပျူတာ ပြင်တတ်ခါစ အချိန်ကပေါ့။ PIII စက်တစ်လုံးရဲ့ ဖန်ကလစ်လေး ကျိုးသွားတာကို ညီငယ် တစ်ယောက်ရဲ့ အားပေးမှုနဲ့ ဖန်ကို စီပီယူနဲ့ ကပ်ဖို့ ကြိုးစားခဲ့ဖူးတာ ရှိသေးတယ်။ ရွှေဥာဏ်တော် စူးရောက်ပြီး စူပါဂလူးနဲ့ ကပ်လိုက်တာပေါ့။ ဘယ်ရမလဲ? လွဲခဲ့ပါတယ်။ တကယ့်ကို အချီကြီးပေါ့။ အဲ့ဒီတုန်းက ဘာတစ်ခုမှ ပြန်ခွာလို့ မရတော့ဘဲ ပျက်ဆီးသွားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို အိမ်က ငယ်ငယ်တုန်းက အဆောင်အနေနဲ့ လုပ်ပေးထားတဲ့ မြ လက်စွပ်လေးနဲ့ ရင်းလိုက် ရပါတယ်။ ဒါလည်း မမေ့နိုင်ဖွယ်ရာပေါ့။

တစ်ခါက ရုံးကို Customer တစ်ယောက် ဖုန်းဆက်ပြီး သူ အဆင်မပြေတာတွေ လှမ်းမေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ဘက်က ထုံးစံ အတိုင်း သိချင်တာ မေးမြန်းကြည့်ပြီး သူ့ Computer ရဲ့ Desktop ပေါ်မှာ Program လေး တစ်ခုကို ၀င်ကြည့်ဖို့ ရှာခိုင်းပါတယ်။ ဒီတော့ အဲ့ဒီ Customer ဘာပြန်ပြောတယ် မှတ်လဲ၊ "ဟုတ်ကဲ့ပါ။ ကျွန်တော် ရှာထား လိုက်ပါ့မယ်။ အစ်ကိုလည်း ရှာတွေ့ရင် ကျွန်တော့်ကို ပြောပါဦးတဲ့"

ုကားနဲ့ လိုက်တိုက်တယ် ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ရက်လေးတင်က နောက်တစ်ခု ထပ်လွဲသေးတယ်။ ဒီတစ်ခါ လွဲတာက ဒီလို။ နယ်က ဖုန်းလာတာ၊ ဟိုဘက်က ဆက်တဲ့သူက သူ့ကို "ဟေ့ကောင် ဘယ်ရောက်နေလဲ? ငါ ဘယ်သူလဲ သိလား" မေးတယ်တဲ့။ ဒီတော့ ငတိက "ဟေ့ကောင်၊ ဘယ်သူလဲ? .. လား? ငါ ကားမောင်းနေတာ၊ မရစ်နဲ့" လို့ ပြန်ဟစ်လိုက်တယ်တဲ့။ အဲ့ဒီတော့မှ ဟိုဘက်က ဖုန်းဆက်တဲ့သူက မင်းက ဘုန်းကြီးကိုတောင် ဟေ့ကောင် လို့ ခေါ်တယ်ပေါ့လို့ ပြောတော့မှ ဘုန်းကြီးကို ပြန်တောင်းပန် လိုက်ရတယ်လေ။

ဒါကြောင့်လည်း ထူးအိမ်သင်က “နည်းနည်းလေးတော့ လွဲနေမယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်” လို့ သီချင်းစပ်ဆိုခဲ့တာ နေမှာ။ ဒီအောက်က အကြောင်းလေး ဆက်ဖတ်ကြည့်ပါဦး။

x x x

တစ်နှစ်ကျော်ကြာ အချိန်တုန်းကပေါ့။ ကျွန်တော်တို့ MD ရဲ့ မင်္ဂလာဆောင် ဒင်နာအပြီးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြရဦးမယ်။ ဒင်နာ ဆိုတဲ့ အတိုင်း အသောက်အစားလေးက ပါခဲ့လေတော့ အားလုံး ပျော်ပျော်ပါးပါးနဲ့ပေါ့။ ညဦးပိုင်း တစ်ခုလုံး လွတ်လွတ်လပ်လပ် ပျော်ပါးခဲ့အပြီး ၀န်ထမ်းတချို့ အိမ်မပြန်ဘဲ ရုံးမှာပဲ စုပြီးအိပ်ကြပါတယ်။ အားလုံး ရုံးကို ရောက်ချိန်မှာ ကော်ဖီ သောက်ချင်ကြတာနဲ့ ၀န်ထမ်းတွေ ထဲက တစ်ယောက် ရေနွေးတည်ဖို့ ဖြစ်လာခဲ့ပါတယ်။ နည်းနည်းလေး ထွေနေတဲ့ သူလည်း ကြိုးစား ပမ်းစားနဲ့ ရေနွေးအိုးထဲ ရေဖြည့်၊ ဟော့ပလိတ် မီးဖိုကိုဖွင့် ရေနွေးအိုး တင်ပြီး နားနားနေနေ နေလိုက်တာပေါ့။ သူ့ရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင် လိုက်တာပေါ့။

ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ကော်ကို မီးလောင်တဲ့ ညှော်နံ့က စူးစူးရှရှ ထွက်ပေါ် လာချိန်မှာတော့ အားလုံး ယောက်ယက်ခတ်ခဲ့ ပါတော့တယ်။ အကြောင်းကတော့ ရေထည့်ပြီး ပလပ်တပ်ဖို့ပဲ လိုတဲ့ ခေတ်မီ ရေနွေးအိုးလေး ခမြာ ဟော့ပလိတ် မီဖိုပေါ်မှာ အကင်ခံလိုက်ရတဲ့ ရေနွေးအိုးကင် အဖြစ် ဘ၀ ပြောင်းသွားလို့ပါပဲ။ အပူရှိန်ကြောင့် ကော်ရည်တွေ ပျော်ကျပြီး ဟော့ပလိတ်ရော ရေနွေးအိုပါ ဘ၀ပျက်ရှာတာပါပဲ။ တစ်ခုတော့ ရှိတယ်။ အဲ့ဒီ ရေနွေးအိုး ဖင်ပေါက်ကြီး အခုထိ ရုံးမှာ သုံးလို့ ရနေသေးတယ်လေ။ သက်ဆိုးတော့ ရှည်ရှာသား...

Comments (7)

Subscribe to this comment's feed
...
0
ဟယ်.... မီးဖို မှားတည်တာ ဘူဒုန်း.. ဟိဟိဟိ။
မနေ့တနေ့က လိုပါပဲလား...
9/9 , January 10, 2010 | url
...
0
နောင်ထပ် လွဲတာတွေရှိရင် ထပ်ရေးပါဦး.. င်္ဟီးဟီး..
ရေနွေးအိုး တည်တာကို အရမ်း သဘောကျတာပဲ.. lol
Zin Mon , January 08, 2010
...
0
လွဲပဲ လွဲနိုင်လွန်းတယ်
စကားမစပ် ဒါနဲ့ ဘယ်တော့ မင်္ဂလာဆောင်မှာ တုန်းဂျ ဟီး :D
phoe chan , January 08, 2010 | url
...
0
လွဲပုံတွေပြောရရင်တော့ ကုန် မကုန်နိုင်ပါဘူး ဖြစ်သွားမယ်....
ကျွန်တော်လောက် လွဲတတ်တဲ့ ကောင်တော့ မရှိနိုင်ဘူး ထင်တာပဲဗျာ....
Hero7 , January 08, 2010
...
0
ခေါင်းစဉ်နဲ့ လိုက်အောင် လွဲပေးထားတာ.. :P

ပြင်လိုက်ပါပြီ.. အခု
moewai , January 08, 2010
...
0
ကိုမိုးဝေလည်း ပြည်သူပြည်သား စကားတွေသုံးနေပါလား အားကျလို့မလား
"ဝန်းထမ်းတွေ" "မီဖိုး" ဟိဟိ
တော်တာ , January 08, 2010
...
0
"ဟေ့ကောင်၊ ဘယ်သူလဲ? .. လား? ငါ ကားမောင်းနေတာ၊ မရစ်နဲ့"

ဆိုတဲ့လေသံ နားထောင်ကြည့် တာနဲ့ ဘယ်ကောင်လဲ သိတယ် LOL
zeyar , January 08, 2010

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday38
mod_vvisit_counterYesterday50
mod_vvisit_counterThis week38
mod_vvisit_counterThis month257
mod_vvisit_counterAll19670

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...