ခါးတယ် ခါးသီးတယ်...
ဘ၀တစ်ခုကို ပိုင်ဆိုင် ထားရလို့တဲ့...
ကိုယ့်ထက် ပိုဆိုးတဲ့ သူတွေက ပြောလိမ့်မယ်
ဒါကိုများ စာဖွဲ့နေတယ်လို့...
ကိုယ့်ထက် အဆင်ပြေတဲ့ သူက ကဲ့ရဲ့လိမ့်မယ်
ဒါလေးတောင် မရင်ဆိုင် နိုင်ဘူးလားတဲ့...
လူတွေက ၀ိုင်းကြည့် နေကြတယ်...
တချို့က ဂရုဏာ သက်တဲ့ မျက်လုံးတွေနဲ့
တချို့ကတော့ ရှုတ်ချ ပြစ်တင်နေတဲ့ လက်ညှိုးတွေနဲ့
အံကြိတ်ပြီး တုံ့ပြန် နေရတာက နေ့ရက် ဆက်လာတော့
ခံပြင်းတဲ့ စိတ်တွေက တာဆူလို့ နေခဲ့ပြန်တယ်...
မွန်းကျပ်မှု ကြားကနေပဲ
ဟာသ တရားတွေ တွေ့မြင် နေရပြန်တယ်...
တစ်ခါတလေ လွတ်လပ်စွာ ဟားတိုက် ရယ်မောလိုက် ချင်ပေမယ့်
ကိုယ့်အတွက်က ဟာသ စစ်စစ် မဟုတ်ပြန်တော့
နေ့ရက် တွေကိုလည်း မုန်းမိမှန်း မသိ မုန်းနေမိပြန်တယ်...