Latest Comments

အားလုံး လက်ခုပ်တီး ခဲ့ကြတဲ့ မိုး

Share |

မနေ့က၊ တိတိကျကျ ပြောမယ်ဆို မေလ ၁၇ရက်နေ့က ရန်ကုန်မှာ ပထမဆုံး မိုး ရွာသွန်း ခဲ့ပါတယ်။ အစောပိုင်း ရက်တွေက ကွက်ကြားမိုး တချို့ ရွာခဲ့တယ် ဆိုပေမယ့်လည်း ကိုယ်တိုင် မတွေ့မမြင် မခံစားတာကြောင့် မနေ့က ရွာတဲ့ မိုးကမှ ရန်ကုန် တစ်မြို့လုံး နီးပါး စိုစွတ် စေခဲ့တယ်လို့ ထင်မိပါတယ်။

အဲ့ဒီ မတိုင်ခင် နေ့တွေကဆို သူများတွေ ဆီမှာ ရွာတဲ့ မိုးကိုပဲ မနာလို ဖြစ်နေမိ ရတာပါ။ သူများတွေ ဆီမှာ မိုးရွာတယ် ကြားတိုင်း သိရတိုင်း ငါတို့ဆီမှာ ဘာလို့ မရွာရတာလဲလို့ စိတ်ထဲ မချိတင်ကဲ ဖြစ်ခဲ့ ရပါတယ်။ တကယ်တော့ မိုးဆိုတာ ဘာလဲ ခဏထားဦး မိုးတိမ် ဆိုတာကိုတောင် မတွေ့မမြင် ခဲ့ရပါဘူး။ ကောင်းကင် တစ်ခွင်က အမြဲတမ်း ကြည်လင် တောက်ပ နေတာပဲ တွေ့ရပါတယ်။ နေ့ဘက်ဆို နေရောင်နဲ့ အတူ ကောင်းကင်ပြာကြီးက သစ်လွင်နေပြီး မျှော်လင့်တကြီးနဲ့ ၀ရန်ဒါ ထွက်ကြည့်မိတဲ့ ညခင်းဘက်တိုင်းလည်း ကောင်းကင်ယံမှာ ကြယ်တွေက အပြည့်။



ရာသီဥတု ကလည်း ပူ၊ မိုးကလည်း မရွာ၊ ဒီကြားထဲ လျှပ်စစ်မီး ပုံမှန် မရတာနဲ့ ရေ ပြတ်လပ်မှုတွေ ရှိခဲ့တာကြောင့် ရန်ကုန်သူ ရန်ကုန်သား အပေါင်းမှာ ဒုက္ခ အမျိုးမျိုး ကြုံနေ ခဲ့ရပါတယ်။ တချို့ နေရာတွေမှာ ရေပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံနေ ရတာကြောင့် စေတနာ သဒ္ဓါတရား ထက်သန် သူတွေက ဦးစီးပြီး နီးစပ်ရာ အလှူခံကြပြီး ရေ အလှူ အတန်းတွေတောင် လုပ်ကြ ရပါတယ်။ ဒီလိုပါပဲ နွေနှောင်းရဲ့ အပူဒဏ်က သက်ရှိထင်ရှား လူအများအပြားရဲ့ အသက်ဘေး ကိုလည်း ခြိမ်းခြောက် အန္တရာယ် ပြုခဲ့တာ စိတ်မကောင်းဖွယ် ကြားနေ ခဲ့ရပါတယ်။ သက်ကြီးရွယ်အို တွေက အပူဒဏ်ကို မခံနိုင်တဲ့ အဆုံး လောကကြီးကို ထင်တာထက် စောပြီး နှုတ်ဆက် လက်ပြ ခဲ့ကြသလို၊ တခြား အသက်အရွယ် အပိုင်းအခြား အမျိုးမျိုးမှာလည်း အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲ အသက်ဆုံးရှုံး ခဲ့တာကိုလည်း နေ့စဉ်နဲ့အမျှ ကြားသိ နေရတာက စိတ်မချမ်းမြေ့ ဖွယ်ပါ။

ဒီလို ဒုက္ခတွေကို ဆင့်ကာ ဆင့်ကာ ခံနေရရှာတဲ့ လူအပေါင်းမှာ စိမ်းစိမ်းကားကား ဥပေက္ခာ ပြုပြီး မရွာသွန်းနိုင်တဲ့ မိုးကြောင့် အပူပေါ် အပူဆင့် လို့သာ ရှိနေ ခဲ့ပါတယ်။ နေ့ခင်ဘက်များဆို တိုက်တဲ့လေက လေပူတွေချည်း၊ ညဆိုပြန်ရင် လေက မတိုက်၊ ပူအိုက်လွန်းတော့ ချွေးတွေကရွှဲ၊ အိပ်ရေးက မ၀။ ဘယ်နေ့မှာ များမှ မိုးက ရွာမှာလဲရယ်လို့ အားလုံးက တညီတညွတ်တည်း စောင့်ဆိုင်း နေခဲ့ကြရတဲ့ ဒီမိုး...

x x x

ဒါကြောင့်လည်း မနေ့က မိုးရွာတော့ အားလုံးက လက်ခုပ်တီးပြီး ကြိုဆိုတာကို မြင်ခဲ့ တွေ့ခဲ့ ကြားသိခဲ့ရတဲ့ အချိန်မှာ အံ့အား သင့်စရာ မဖြစ်ခဲ့ပါဘူး။ အားလုံးက စောင့်မျှော်နေတဲ့ မိုးအတွက် အားလုံးက ၀မ်းပန်းတသာ လက်ခုပ် သြဘာနဲ့ကို ကြိုဆို ခဲ့ကြတာပါ။ အားလုံးက ကျေကျေနပ်နပ်နဲ့ ပျော်မြူး နေခဲ့ကြတာပါ။ နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံးက မျှော်လင့် စောင့်စား နေခဲ့ကြတဲ့ မိုးက ရွာသွန်း ခဲ့ပါပြီ။ ရန်ကုန် တစ်မြို့လုံး စိုစွတ် စေခဲ့ပြီး ဒီနေ့ နောက်တစ်ရက် မှာတော့ တစ်နေကုန် မိုးအုံ့ပြီး နားလိုက် ရွာလိုက် လုပ်နေတဲ့ မိုးကြောင့် အားလုံး ကျေနပ် သွားကြပါပြီ။

အခုဆိုရင် အပူဒဏ်ကြောင့် နေမရ ထိုင်မရအောင် ဒုက္ခ ရောက်နေခဲ့တဲ့ သူတွေလည်း အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာ ရနိုင်ခဲ့ သလို၊ ရေပြတ် လပ်မှုကြောင့် ဒုက္ခ ကြုံနေရတဲ့ သူတွေ အတွက်လည်း အတိုင်းအတာ တစ်ခု အထိတော့ အဆင်ပြေ သွားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း တစိမ့်စိမ့်နဲ့ အေးနေတဲ့ အခန်းလေးထဲ ထိုင်နေရင်းက မိုးတွင်းပါလား ဆိုတဲ့ အသိစိတ် တစ်ခုနဲ့ အတူ ကျေနပ် နေမိပါတော့တယ်။

 

Comments (2)

Subscribe to this comment's feed
...
0
ဝတ်စ နှလုံးပေါက်တွေ မလိုအပ်ပဲ ပါနေပါတကား ပြည်သူ ပြည်သားတွေရဲ့ အသုံးအနှုန်းကို တိတ်တခိုး သဘောကျပီး ယူသုံး နေတာမလား အကိုးကြီးရ ဟိဟိ
တော်တာ , May 18, 2010
...
0
ဟုတ်တယ်.. ခုမှနည်းနည်းလေး နေသာထိုင်သာ ရှိသွားတာ ...
kmh , May 18, 2010 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday15
mod_vvisit_counterYesterday50
mod_vvisit_counterThis week15
mod_vvisit_counterThis month234
mod_vvisit_counterAll19647

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...