Latest Comments

ငယ်စဉ်ဘ၀ - ၁

Share |
ငယ်စဉ်အခါတုန်းကပေါ့.. တော်တော်လေး ငယ်ပါသေးတယ်.. ရှိလှ ၂တန်း ၃ တန်းအရွယ်ပေါ့... တနင်္သာရီတိုင်းက ပင်လယ်ကမ်းစပ်မှာရှိတဲ့ ချောင်ကျကျ မြို့ လေး တစ်မြို့ မှာ.. မြို့ နာမည်က ဘုတ်ပြင်းတဲ့... မြိတ်နဲ့ ကော့သောင်းကြားမှာ ရှိတဲ့ မြို့ လေးပေါ့.. အဲဒီတုန်းက လမ်းပန်း ဆက်သွယ်ရေး ဆိုတာက အခုလောက် အဆင်မပြေသေးချိန်.. တစ်လလုံးနေမှ စက်လှေ တစ်စီး နှစ်စီးလောက် မြိတ်ကို သွားတတ်တာ.. အဖေနဲ့ အမေတို့ တာဝန်ကျလို့ ရောက်နေချိန်မှာပေါ့...

အိမ်နီးနားချင်း သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အိမ်ကြိုအိမ်ကြား ချုံကြို ချုံကြား.. ကလေးသူငယ်တို့ သဘာဝ သေနတ်ပစ်တိုင်း ကစားကြတာ.. သူက ဗိုလ်လုပ် ကိုယ်က နောက်လိုက်.. သူက ရဲဆို ကိုယ်က လူဆိုး.. အဖွဲ့တွေခွဲ စခန်းတွေချ.. လက်နက်တွေလုပ်ကြနဲ့ ပျော်စရာ ကောင်းလိုက်တဲ့ အတိတ်. အခုထိ မမေ့သေးပါဘူး.. ရှက်ရကောင်းမှန်းလည်း မသိခဲ့သလို.. ဂုဏ်ပကာသနတွေ ဘာတွေ ညာတွေ လာမပြောနဲ့ ဘာမှနားမလည်သေးချိန်.. ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ စက်လှေပျက်တစ်စင်းဆီမှာ တက်လိုက် ဆင်းလိုက်.. မရောက်ဖူးတဲ့ နေရာ မရှိလောက်အောင်ပင် တော်တော် ကဲခဲ့ကြချိန်ပေါ့..

ဒါနဲ့ ပြန်ဆက်ရဦးမယ်..

အဲဒီလို သေနတ်ပစ်တိုင်း ကစားကြချိန်.. ကိုယ်သေနတ်နဲ့ သူ့ သေနတ် ဘယ်သူ့ သေနတ် ပိုကောင်းလဲ ဆိုတာမျိုးတွေက အပြိုင်အဆိုင်.. အသက်ကြီးတဲ့ ဗိုလ်လုပ်တဲ့ အစ်ကိုတွေကတော့ ပိုကောင်းတဲ့ သေနတ်တွေ သူတို့ဖာသာလုပ်ပြီး ကိုင်ကြတာပေါ့.. ကျွန်တော်တို့ကတော့ သူတို့ အကျ. သူတို့လုပ်ပေးတာလေးနဲ့ တကြွကြွပေါ့.. တစ်ခုတော့ ရှိတယ်. အဲဒီတုန်းက အခုခေတ် ကလေးတွေလို ကော်နဲ့ လုပ်ထားတဲ့ သေနတ်တို့ ကျည်ဆန်ထွက်တဲ့ သေနတ်တို့ မရှိဘူး.. သစ်သားနဲ့ အဖြစ် လုပ်ထားတဲ့ ဟန်ပါပါ သေနတ်တွေပဲ ရှိတာ.. ဒါပေမယ့် အဲ့ဒီတုန်းကတော့ ကိုယ့်သေနတ် ကိုယ်ကြည့်ပြီး ဂုဏ်ယူလို့ မဆုံးချိန်ပေါ့.. ပျော်စရာကောင်းသလို ပြန်တွေးကြည့်တိုင်း ပြန်မရနိုင်တဲ့ အချိန်တွေပေါ့..

ဒီလိုနဲ့ တစ်နေ့ အသိ လက်သမားဆရာကြီး တစ်ယောက်ဆီကို သွား. သွားပြီးတော့ ကိုယ်လိုချင်တဲ့ သေနတ်ကို လုပ်ခိုင်းတာပေါ့.. ဘယ်လိုလေး ခပ်မိုက်မိုက်လေး.. စသဖြင့် မျက်နှာချိုလေး သွေးပြီး ကပ်ပူဆာခဲ့လိုက်ရတာ အမော.. အဲဒီနေ့က မှတ်မှတ်ရရပါပဲ.. မနက်တည်းက အဲဒီမှာ ပူဆာကောင်းလိုက်တာ ထမင်းစားချိန် ကျော်လို့ နေ့လည်ခင်း ရောက်တဲ့အထိ အဲဒီက မခွာနိုင်ဖြစ်ခဲ့ရတယ်.. ရင်ထဲမှာတော့ ငါ့သေနတ် အသစ်လေး... သူများတွေ မသိသေးတဲ့ ငါ့သေနတ်လေး..

အတွေးတွေနဲ့ ထမင်းစားချိန်တောင် မေ့ရတဲ့အထိပေါ့..
အဲဒီနေ့က သေနတ် ဘယ်ပုံထွက်လာလဲ ကျွန်တော်မမှတ်မိတော့ပါဘူး.. ရလိုက်လား မရလိုက်လားလည်း မမှတ်မိတော့ပါဘူး.

ကျွန်တော်မှတ်မိနေခဲ့တာက အဲဒီလောက်ကျွန်တော် ရူးခဲ့ဖူးတယ် ဆိုတာရယ်.. အိမ်ပြန်ရောက်တော့ ထမင်းစားချိန် အိမ်ပြန်မလာရ ကောင်းလား အလည်လွန်ရ ကောင်းလားဆိုပြီး ဒေါသထွက်နေတဲ့ အမေက နီးရာ တမြက်စည်းနဲ့ တွယ်လိုက်တာကိုတော့ တစ်သက်လုံး မမေ့တော့ပါဘူး.. အဲဒီ အမေ့ရဲ့ ရိုက်ချက်တွေက ကျွန်တော်အတွက်တော့ နောင် မဟုတ်တာ မလုပ်ရဲအောင် အမြဲ တပ်လှန့် သတိပေး နေခဲ့ပါတော့တယ်.. တစ်သက်မှာ တစ်ခါပဲ အရိုက်ခံခဲ့ရပေမယ့်.. တစ်သက်လုံး စွဲသွားအောင်တော့ အရိုက်ခံ လိုက်ပါတော့တယ်..

Comments (1)

Subscribe to this comment's feed
...
0
I'm sure, you will be successful.
chitsu , August 03, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...