Latest Comments

ငယ်စဉ်ဘ၀ - ၂ (ကော့သောင်း အမှတ်တရ)

Share |
မြန်မာနိုင်ငံရဲ့ တောင်ဘက် အစွန်းကျဆုံးဖြစ်တဲ့ နယ်စပ်မြို့ လေး... ဟိုဘက်ကမ်းက ထိုင်းနိုင်ငံ ရနောင်း.. အလယ်မှာ ပါချန်မြစ်က ခြားထားပြီး မြန်မာပြည်ဘက်မှာတော့ ကော့သောင်းမြို့ လေးပေါ့.. ဆိုင်ကယ်မြို့ တော်လို့ တင်စားခြင်း ခံရလောက်အောင် ဆိုင်ကယ်ကိုပဲ အဓိကထားတဲ့ နေချင်စဖွယ် မြို့ လေးပါ... ကုန်းတက်ကုန်းဆင်းတွေက များတာမို့လည်း စက်ဘီးက မတွင်ကျယ်လှဘူးလေ...

အလယ်တန်းကျောင်းသား ဘ၀ကို အဲဒီဒေသလေးမှာ စတင်ခဲ့ရသလို.. အဲဒီ မြို့ ရဲ့ အလယ်တန်းကျောင်းလေး တစ်ခုမှာပဲ ၅တန်းကနေ ၇တန်းထိ ပညာဆည်းပူးခဲ့ရတာပါ၊ အဖေနဲ့ အမေတို့က ဆရာဝန်တွေဆိုတော့ အဲဒီမှာ ၃နှစ် တာဝန်ထမ်းဆောင် ခဲ့ကြရတယ်။ ဘုတ်ပြင်းကနေ ကော့သောင်းကို ပြောင်းလာခဲ့ရတာပါ.. ရောက်ရောက်ချင်း နေ့မှာပဲ အမှတ်ရစရာ အဖြစ်တစ်ခုကို ရင်ဆိုင်ခဲ့ရပါတော့တယ်.. ဖြစ်ပုံက ဒီလို..

တာဝန်နဲ့ ပြောင်းလာခဲ့ရပေမယ့်. ရှေ့ က ဆရာဝန်က နေအိမ်ကနေ မပြောင်းရသေးတာကြောင့် ဆေးရုံမှာ ရှိတဲ့ အဆောင်တစ်ခုမှာ.. တိတိကျကျ ပြောရရင်တော့ သံဃာဆောင်မှာပေါ့.. ရက် ၂၀လောက် နေလိုက်ရသေးတယ်.. နေရာဒေသ အသစ်တစ်ခုကို ရောက်ရောက်ချင်း ဆိုတော့ စိတ်ဝင်စားစရာတွေက အပြည့်ပေါ့.. ငယ်ကလည်း ငယ်သေးတာဆိုတော့ ပစ္စည်းတွေ ကူသည်ပေးရတာတောင် မရှိခဲ့ပါဘူး..

တစ်နေ့ တစ်ညလုံးလုံး စက်လှေနဲ့ ပင်လယ်ခရီးကို ဖြတ်သန်းခဲ့ရတာမို့ လှိုင်းဒဏ်၊ ခရီးပန်းတဲ့ ဒဏ်တွေကြောင့် အဲဒီ အဆောင်ကို ရောက်ရောက်ချင်းမှာပဲ တွေ့ရာ ကုတင်ပေါ်မှာ ပစ်လှဲလိုက်မိတော့တယ်.. အိပ်လို့ ရလားမေးတော့ ရတယ်ဆိုတာနဲ့..

ဒီလိုနဲ့ တစ်နာရီ နှစ်နာရီလောက်တော့ ကြာခဲ့မယ်ထင်ပါတယ်.. အိပ်မောကျသွားပါလေရော..

နောက်နိုးလာတော့ ဟိုဟိုဒီဒီ စူးစမ်းကြည့်တာပေါ့.. အရှေ့ တည့်တည့်မှာတော့ အဆင်းလမ်း တစ်ခု.. အောက်ကို ကြည့်လိုက်တော့ ဆေးရုံရဲ့ ပင်မ အဆောက်အဦ၊ ဘေးဘက်တွေကို ကြည့်လိုက်တော့ စိတ်ဝင်စားစရာ ကောင်းလောက်အောင်.. ဆိုင်ကယ်တွေ ပေါများတာ တွေ့လိုက်ရတယ်.. ကုန်းဆင်းလမ်းလေး တစ်ခုမှာ အင်္ကျီနံပတ်တွေ ၀တ်ထားတဲ့ ဆိုင်ကယ် တက်စီ သမားတွေကိုလည်း စိတ်ဝင်တစား ငေးနေလိုက်မိတယ်.. ကျွန်တော် အိပ်ခဲ့မိတဲ့ အခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ပေ ၂၀လောက် အကွာမှာ အဆောင်လေး တစ်ခု.. တိုက်ပုသေးသေးလေး တစ်ခုကို လှမ်းမြင်နေရတယ်.. ဘာလဲပေါ့..

ဒါနဲ့ လူကြီးတွေဆီကိုသွား.. အဲဒီ တိုက်ပုလေးက ဘာလဲလို့ မေးကြည့်တဲ့အခါကျတော့... "ရင်ခွဲရုံ"တဲ့...

လူလည်း နည်းနည်းတော့ ဖြုံသွားသလို.. နောက်လည်း အဲဒီ အိပ်ခဲ့တဲ့ အခန်းဘက် သိပ်မကူးဖြစ်တော့ဘူး.. အဲဒီမှာ နေခဲ့ရတဲ့ ရက် ၂၀လောက်မှာ တွန်းလှည်းပေါ်မှာ အ၀တ်ဖြူအုပ်ပြီး တွန်းတင်လာတဲ့ တွန်းလှည်းတွေကိုသာ မြင်နေရတဲ့အခါမှာတော့...

Comments (2)

Subscribe to this comment's feed
...
0
ကျနော် ကထားဝယ်ကပါ ဒါပေမဲ့ ကော့သောင်းကိုချစ်တယ်
zayar , June 22, 2010 | url
...
0
သမီးက ကော့သောင်းသူပါ တွေ့ရတာ ၀မ်းသာပါတယ်
အိချောစု , December 02, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday37
mod_vvisit_counterYesterday50
mod_vvisit_counterThis week37
mod_vvisit_counterThis month256
mod_vvisit_counterAll19669

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...