Latest Comments

ပြိုပျက်ခဲ့တဲ့ အိပ်မက်တစ်ခု အကြောင်း

Share |
ပြိုပျက်ခဲ့တဲ့ အိပ်မက်တစ်ခု အကြောင်း

ဟိုးအဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်တော့ မြင်လို့မဆုံး ကြည်လင်စွာ လှပနေတဲ့ စိမ်းစိမ်းစိုနေတဲ့ လယ်ကွင်းတွေသာ အမြင်အာရုံထဲ တိုးဝင်လို့ လာခဲ့တယ်။ ညင်သာစွာ တိုးဝှေ့တိုက်ခတ်နေတဲ့ လေပြေညင်းလေးတွေကြားမှာ မလှုပ်မရွေ့ ဘဲ ခပ်တွေတွေကလေး ရပ်နေမိတယ်။ သူ တွေးနေမိတာက သူ့အတိတ်… သူ စဉ်းစားနေမိတာက သူ့ရဲ့ အတိတ်က ကောင်မလေး တစ်ယောက်အကြောင်း… သူ နောင်တရနေတာလား… သူ လွမ်းဆွတ်ကြေကွဲနေတာလား… ဒါမှမဟုတ် သူ ဘာကို ခံစားနေရလဲဆိုတာ သူကိုယ်တိုင်လည်း နားမလည်နိုင်တော့…

x x x

သိပ်ချစ်ကြတဲ့ ချစ်သူတွေရယ်လို့ အများက သတ်မှတ်ခံရလောက်အောင် သူတို့ နှစ်ဦး သိပ်ကို ချစ်ခဲ့ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် သိပ်ပြီး ဦးစားပေးခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းကို တွယ်တာခဲ့ကြပါတယ်။ ခင်မင်မှုကနေစခဲ့တဲ့ အချစ်တစ်ခု၊ သူငယ်ချင်းတွေ ကြားမှာ သူတို့ နှစ်ယောက် သိပ်ကို ချစ်တတ်ခဲ့ကြတာပေါ့။

အတူသွား အတူလာ အတူစားရင်း နှစ်အတန်ကြာ အတူတကွ ကျော်ဖြတ်ခဲ့ကြပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က လိုလားဟန်မပြတော့။ နတ်ဆိုးက ၀င်ခဲ့ချေပြီ။ အားလုံးက သူတို့နှစ်ဦး လက်ထပ်ကြတော့မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့တကယ့်ဘ၀မှာတော့ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုတွေ ပေါ့လျော့လို့ လာခဲ့တယ်။ နားလည်မှုတွေ တိုးလာရမယ့်အစား တကယ်တမ်း တိုးပွားလာခဲ့တာက မာနနဲ့ အတ္တ…

နောက်ဆုံးတော့ သူတို့ ဝေးခဲ့ရပြီလေ၊ ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့တဲ့ အဆုံးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်ရည်တွေ ကြားမှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုဆိုရင်ပဲ နှစ်အတန်ကြာခဲ့ပြီလေ…

x x x

တစ်ခါတစ်လေတော့ ရင်ထဲက အလွမ်းတွေက သစ်လွင်နေတုန်းပဲ၊ တစ်ခါတစ်လေ မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့သလို ခံစားနေရဆဲပါပဲ၊ တစ်ခါတစ်လေမှာတော့လည်း သူ့အိပ်မက်ထဲကို ရောက်ရောက်လာတတ်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်မှာ တစ်ယောက်တစ်လမ်းစီ လျှောက်နေကြပြီလေ… ဦးတည်ချက်ချင်း မတူညီတဲ့ ဘ၀ခရီးလမ်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်း နေကြပြီလေ… သူတို့ တကယ့်ကို ဝေးခဲ့ကြလေပြီ…

x x x

အချိန်အတန်ကြာအောင် တစ်ယောက်တည်း ခပ်တွေတွေကလေး စဉ်းစားနေခဲ့ပြီးကာမှ လက်ရှိ သူရွေးချယ်ထားတဲ့ ဘ၀ရဲ့ ခရီးကို ဆက်လျှောက်ဖို့ သူ ရပ်ထားခဲ့တဲ့ ကားဆီကို တစ်လှမ်းချင်း ဆွေးမြေ့စွာ လျှောက်လာခဲ့တယ်။ သူ့ရင်ထဲမှာ ဆုတောင်းနေမိတာက “တချိန်က ငါ့ချစ်သူ ပျော်ရွှင်နိုင်ပါစေ”…
x x x

ရင်နဲ့ ခံစားခဲ့ရတာ မဟုတ်ပေမယ့် အမြင်နဲ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။




စက်တင်ဘာ ၉ရက် ၂၀၀၈

Comments (1)

Subscribe to this comment's feed
...
0
အားမငယ်နဲ့သိလား .. ရုံးမှာ အပျိုကြီးတွေ အများကြီးရှိတယ် ...
paradise , October 29, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...