Latest Comments

“ဂျလောက်”

Share |
အကောင်းလွန်းကြီး မဟုတ်ပေမယ့် သေသေချာချာ ပြင်ဆင်ထားသည့် အိပ်ယာ အထက်မှာ သူရယ်. သူ့သားလေးရယ်. သမီးလေးရယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် အထိ သူတို့အပြင် ကလေးတွေရဲ့ အမေလည်း အတူတူ ရှိနေခဲ့သေးသည်မို့ မိသားစုဘ၀က အခုထက်စာရင် ပိုပြီး သာယာစိုပြေ ခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း အခုတော့ …။

###

သူတို့နေထိုင်ရာ အရပ်က လူနေအိမ် တစ်အိမ်ရဲ့ အဲယားကွန်း တစ်လုံးထဲမှာ၊ အဲယားကွန်းပင် ဆိုသော်ငြား အသုံးမပြုတာ ကြာပြီ ဖြစ်တာကြောင့် သူတို့ အတွက်တော့ အပူအပင် ကင်းစွာ၊ ဆိတ်ငြိမ် အေးချမ်းစွာ နားခိုရာ နေရာလေး တစ်ခု ဖြစ်နေခဲ့ပါသည်။ ဒီနေရာကို စတင် တွေ့ရှိစဉ်ကပင် ဒီနေရာလေးဟာ သူတို့အတွက် ခိုလှုံဖို့ အကောင်းဆုံး နေရာလေးဟု  ထင်မြင် သုံးသပ်ခဲ့တဲ့ သူ့အတွေး၊ လက်တွေ့ မှာလည်း တကယ်ပင် ဟုတ်မှန်နေခဲ့သည်။ သို့တစေ ဒီနေရာလေးကို လွယ်လွယ်နှင့် ပိုင်ဆိုင်ခွင့် ရခဲ့သည်တော့ မဟုတ်ချေ။

အဲ့ဒီအချိန်ကတော့ စူးစမ်းလိုသည့် စိတ်နှင့် ပိုက်လိုင်း တစ်ခုပေါ်သို့ သူတက်ခဲ့သည်။ သည်လိုနှင့် တစ်နေရာ အရောက်မှာတော့ ပိုက်လိုင်း အတိုင်းပင် မှန်မှန်တက်ခဲ့သည့် သူ့အတွက် ရှေ့ တိုးစရာ နေရာမရှိ လောက်အောင် အတားအဆီး တစ်ခုက ခြားနားထား လေသည်။ အထဲကိုသာ ၀င်ခွင့်ရမည် ဆိုပါက အခွင့်အရေး ကောင်းတစ်ခု ဖြစ်မည်ဟု တွေးမိတာကြောင့် အချိန်အတန်ကြာ ၀င်ခွင့်ရဖို့ သူ ကြိုးစား အားထုတ် ခဲ့မိသည်။ နောက်ဆုံး သူတို့၏ အားကိုးရာ၊ အမြဲတမ်းပင် အသုံးတည့် လေ့ရှိသည့် သူ့၏ ထက်မြ ချွန်ထက် လွန်းလှသည့် သွားတွေနှင့်ပင် ပိုက်ဘေးက ကပ်လျက်ရှိနေသော သစ်သားပြားကို ကိုက်ဖဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။ ဒီလိုနဲ့ သူ့ရဲ့ ဇွဲ၊ လုံ့လတွေ ကြောင့်သာ တစ်နေ့ အထဲသို့ သူ ၀င်ခွင့်ရခဲ့ခြင်း ဖြစ်ပေသည်။ ထိုမှတဖန် သူတို့ ယခု နေထိုင်ရာ သူတို့ရဲ့ အိမ်ကလေးကို တဖြေးဖြေးချင်း အလှဆင် ခဲ့ရာမှ အခုလို အခြေအနေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခုတော့လည်း သူရယ်၊ မွေးကင်းစ သူ့သားလေးရယ်၊ သမီးလေးရယ်သာ…၊ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်ကတော့…။
တစ်နေ့သောည အစာရှာထွက် ကြစဉ် သူရယ် သူ့မိန်းမရယ် နေရာခွဲပြီး ထွက်ခဲ့ကြသည်။ ထုံးစံ အတိုင်းပါပဲ၊ ဒီလို ညဉ့်နက်ချိန်ဆို သူတို့ စတင်လှုပ်ရှား ရလေ့ရှိသည်။ အရွယ် မရောက်သေးသည့် သားနှင့် သမီးကတော့ သူတို့ရဲ့ အိမ်လေးမှာပဲ နေရစ်ခဲ့ရှာသည်။

သူတို့ရဲ့ အိမ်လေးက မထွက်ခွါခင်မှာပဲ သူတို့ဗိုက်တွေက တကျုပ်ကျုပ် မြည်အောင်ကိုပင် ဆာလောင်လို့နေခဲ့သည်။ သူတို့တောင် ဒီလောက် ဆာနေမှာတော့ သူတို့ရဲ့ ကလေးတွေ ဘယ်လောက်တောင် ဆာနေရှာမလဲ၊ အခုတော့ အစာရှာထွက် ကြရပြီ။ ဒီအချိန်က လူတွေ အိပ်ချိန်ဆိုပေမယ့် သူတို့ အတွက်ကျတော့ ဒီအချိန်မှသာ စတင်လှုပ်ရှားဖို့ အကောင်းဆုံး အချိန် ဖြစ်နေသည်။ တစ်နည်းအားဖြင့် လူတွေ အိပ်မော ကျချိန်မှာ သူတို့အတွက် အစာရှာလို့ အကောင်းဆုံး အချိန် အခိုက်အတန့် လေးပေါ့။

နေရာခွဲပြီး အစာရှာထွက် ခဲ့ကြပေမယ့် သူတို့ တစ်ဦးနဲ့ တစ်ဦး သိပ်ပြီး ဝေးကွာ လှတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ တစ်ဦးကို တစ်ဦး လှမ်းမြင် နေရသလို တစ်ဦးက ဘယ်ကို အစာရှာထွက်ပြီး ဘာကိုကြံနေသလဲ ဆိုတာ တစ်ဦးက သိနိုင်လောက်အောင်ပင် ကျဉ်းမြောင်း လှတဲ့ အိမ်တစ်အိမ်ထဲ အစာရှာထွက် ခဲ့ကြတာပါ။

ထမင်းစား စားပွဲပေါ်ကို ရောက်ရှိချိန်က စလို့ စားပွဲပေါ်က အုပ်စောင်းအောက်မှာ ရှိနေသည့် ဟင်းပန်းကန်တွေ ဆီက ရနံ့က သူအတွက် ပိုပြီး ဆာလောင်စေခဲ့၏။ သို့ပေမယ့် အထဲသို့ မည်သို့ ၀င်ရမည်လဲ ဆိုတာကတော့ သူ့ရဲ့ တစ်ခုတည်းသော အခက်အခဲပါပဲ။ တစ်ခါက သူ့အစ်ကို ယခုလို အခြေအနေမှာ အုပ်စောင်းအောက်ကို ရောက်ပြီးကာမှ ပြန်ထွက်မရခဲ့လို့ ဒုက္ခရောက်ခဲ့ ဖူးတာကို သူပြန်မြင်ယောင်ရင်း ထိုနေရာမှာပဲ ဆာဆာနဲ့ အချိန်ကုန် ခံနေလိုက်သည်။ သူ့မိန်းမကတော့ နောက်ဖေး မီးဖိုချောင်ထဲကို ၀င်သွားတာကို သူ တွေ့မြင် လိုက်ရသည်။ အဲ့ဒီအချိန်တုန်းက သူ့မိန်းမကို နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်တယ် ဆိုတာကိုတော့ သူကိုယ်တိုင်ပင် မသိခဲ့ပေ။

အုပ်စောင်းထဲ ၀င်ဖို့ ကြံရာမရ ဖြစ်နေစဉ်မှာပဲ နောက်ဖေး မီးဖိုချောင်က “ဂျလောက်” ဆိုတဲ့ မြည်သံက သူ့ကို ခံစားမှုတွေ တပြိုင်တည်း ဖန်တီးပေးခဲ့သည်။ စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း တွေနဲ့အတူ စားပွဲပေါ်က အပြေးဆင်းပြီး မီးဖိုချောင်ထဲကို ဦးတည်ခဲ့သည်။ တံခါးဝအရောက် ကံဆိုးချင်တော့ လူတစ်ဦး အိပ်ရာမှ နိုးလာပြီး နောက်ဖေး မီးဖိုချောင်ထဲ ၀င်လာတာကြောင့် ဘေးက ချောင်ကျကျ တစ်နေရာမှာ ၀င်ပုန်းနေလိုက်ရသည်။ ဒီအချိန်မှာ သူက ဘာလုပ်နိုင်မှာမို့လဲ။ အချိန်က သိပ်တောင် မကြာလိုက်ပါဘူး။ ၀င်သွားသည့်လူက ပြန်ထွက်လာပြီး နောက်ဖေး မီးဖိုချောင် တံခါးကိုပါ ဂျိမ်းကနဲ မြည်အောင် ပိတ်လိုက် ပါတော့သည်။

ဘယ်လိုမှ ၀င်လိုမရ တော့သည့် တံခါးအနားမှာ ရစ်သီရစ်သီနှင့် နည်းလမ်းရှာရင်း သူ မျက်ရည်တွေ ၀ဲလာမိသည်။ သူ့ ရင်ခုန်နှုန်းတွေ မြန်သည်ထက် မြန်လာတာကိုလည်း သူ သတိထားမိသည်။ သူ့မှာ အထဲကို ရောက်ဖို့ နည်းလမ်း မရှိဘူး ဆိုတာကိုလည်း သူနားလည် နေခဲ့သည်။ ဒီလိုနဲ့ အချိန်တွေက တရွေ့ ရွေ့  ကုန်ဆုံး နေလိုက်တာ နောက်ဆုံး မိုးစင်စင် လင်းခါနီးမှ သူ့သား၊ သမီးတို့ ရှိရာ အိမ်ကို ဦးတည်ပြန်ခဲ့ ရရှာသည်။ ထိုအချိန်မှာတော့ ဆာလောင်ခြင်းလည်း မရှိတော့။ အိပ်စက်နေတဲ့ သားနဲ့ သမီးကို ကြည့်ပြီး သူ ဆုတောင်း လိုက်မိသေးသည်။ “ဘာမှ မဖြစ်ဘဲ ပြန်ရောက် လာပါစေ” လို့…။

နောက်တစ်နေ့ လူပြတ်ချိန်မှာ နောက်ဖေး မီးဖိုခန်းထဲကို မရရအောင် သူအရဲစွန့်ပြီး သွားခဲ့သေးသည်။ သူ့မိန်းမ မပြောနှင့် ဘာအစအနမှာ သူရှာမတွေ့ခဲ့။ သူ ရင်ကွဲခဲ့ရပြီ၊ သူ ကြေကွဲခဲ့ရပြီ၊ သူ တစ်စုံတစ်ခု ကိုလည်း ပြည့်ပြည့်၀၀ နားလည်နိုင်ခဲ့သည်။ လူတွေ ထောင်ထားတဲ့ ထောင်ချောက်တစ်ခုထဲ တည့်တည့်မတ်မတ် တိုးဝင်ခဲ့ရှာတဲ့ သူ့မိန်းမ နောက်ဆုံး ပြောသွားတဲ့ စကား သူ့နားထဲမှာ ပြန်ပြန်ကြားယောင် နေမိသည်။

အခုထိတိုင်လည်း သူ ထိုစကားကိုသာလျှင် ကြားယောင်နေမိဆဲ… “ကလေးတွေ ဗိုက်ဆာနေပြီ”တဲ့…

မိုးဝေ
၁၉-နိုဝင်ဘာ-၂၀၀၈

Comments (3)

Subscribe to this comment's feed
...
0
ဒေါ်က်ဒေါ်က်ဒေါ်က်... ဂျလောက်...

သနားပါတယ်နော်... သားအဖ သုံးယောက်... :)
lawlawsal , October 04, 2009 | url
...
0
ဒါလေးက နောက်တစ်မျိုး
ကိုဇေယျာ , April 29, 2009 | url
...
0
ဟဲလို တက်စတင်း တက်စတင်း ၁ ၂ ၃
ကိုဇေယျာ , April 29, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday35
mod_vvisit_counterYesterday50
mod_vvisit_counterThis week35
mod_vvisit_counterThis month254
mod_vvisit_counterAll19667

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...