Latest Comments

မြိတ်ကတ်ကြေးကိုက်

Share |
မနေ့က အသက် ၂၇နှစ်ပြည့်မို့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို နေ့လည်စာ အဖြစ် မြိတ် ကိုက်ကြေးကိုက် ၀ယ်ကျွေးဖြစ်ခဲ့သလိုပဲ ညကျတော့ အိမ်က မိသားစုတွေ ကိုလည်း မြိတ် ကိုက်ကြေးကိုက်ပဲ ၀ယ်ကျွေး ဖြစ်ခဲ့ပြန်တယ်လေ။ ဒါက အခုလို ရေးရခြင်းရဲ့ အကြောင်းအရင်း တစ်ခုပါပဲ...

x x x

မြိတ် ကိုက်ကြေးကိုက်လို့ ပြောရမယ် ဆိုရင် အမှတ်ရစရာ အဖြစ်အပျက် လေးတွေလည်း အစီအရီ ရှိနေခဲ့ပါတယ်။ သရက်ချောင်း၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီက မြို့ တွေမှာ နေခဲ့ဖူးသူ တစ်ယောက် အတွက်တော့ မြိတ်ကတ်ကျေးကိုက် ဆိုတာက မစားချင် အဆုံးလို့တောင် ပြောရမယ့် အစားအစာ တစ်ခုလိုပါပဲ။ ဒါပေမယ့် နောက်ဆုံး ကော့သောင်းကို စွန့်ခွါခဲ့ရချိန်ကစပြီး ကတ်ကြေးကိုက် ဆိုတာ အမြဲ သတိတရနဲ့ စားချင်နေတတ်ခဲ့တဲ့ အစားအစာ တစ်ခုလိုပါပဲ။ အမေကတော့ သူရှိတဲ့ အချိန်တွေမှာ ခဏခဏ ကြော်ကျွေး တတ်တယ်။ အဲ့ဒီဘက်မှာ နေတာ ကြာလို့ ထင်ပါတယ်။ အမေတောင် တော်တော်လေး ကတ်ကြေးကိုက် ကြော်တတ် နေတယ်လေ။  အမေ့လိုပဲ အကြော်ကောင်းတဲ့ အခြား တစ်ယောက်လည်း မှတ်မှတ်ရရ ရှိနေသေးတယ်။ သူကတော့ သူငယ်ချင်း ဇေယျာရဲ့ အမေလေ။ သူ့လက်ရာလည်း စားလို့ ကောင်းတဲ့ ထိပ်တန်း လက်ရာ တစ်ခုပါပဲ...

x x x

မွေးနေ့ ဘာကျွေးရမလဲ စဉ်းစားတော့ ကတ်ကြေးကိုက် ကိုပဲ ပြေးမြင်မိတယ်လေ။ မနေ့က ကတ်ကြေးကိုက် ဆိုင်မှာ ကိုယ်တိုင် သွားဝယ် ဖြစ်ခဲ့ပါတယ်။ ဆိုင်က နာမည်ကြီး မဟုတ်ပါဘူး။ ခမ်းခမ်းနားနားနဲ့ နေရာထိုင်ခင်းလည်း မရှိပါဘူး။ အမြဲ ၀ယ်စားနေကြ ညဈေး ကားဂိတ်နားက မီးရထားလမ်း တံတိုင်းကို ကျောပေးပြီး ဖွင့်ထားတဲ့ လမ်းဘေး ဆိုင်လေးပါ။ ဒါပေမယ့် လက်ရာကတော့ ဆိုင်ကြီးတွေ ထက်တောင် ကောင်းပါသေးတယ်။ တစ်ပွဲ ၁၂၀၀ နဲ့ ရောင်းပြီး ပင်လယ်စာနဲ့ ပုဇွန်တွေ၊ ကင်းမွန် (ပြည်ကြီးငါး)တွေ အများကြီး ထည့်ပေးတာမို့ အတော်လေးကို ဈေးတန်တဲ့ ကတ်ကြေးကိုက် ပါပဲ။

ရောက်တော့ ကျွန်တော်က သူတို့ကို အများကြီး ၀ယ်ချင်ပါတယ်လို့ ပြောတော့... ဆိုင်ရှင် လင်မယား နှစ်ယောက် မျက်လုံးတွေ အရည်လဲ့ သွားတယ်လေ။ မိန်းမ ဖြစ်သူက မြိတ်သံ ၀ဲဝဲနဲ့ ရတယ်. အကုန်ရှိတယ်. ရှယ်လုပ်ပေးမယ်ပေါ့။ ဒါနဲ့ ကျွန်တော်က ရုံးက လူအရေအတွက် အတိုင်း ၁၇ပွဲ လုပ်ပေးပါဆိုတော့ သူ့မျက်နှာမှာ ပေါ်လာတဲ့ အပြုံးက ကျွန်တော့်ကိုပါ တစ်စုံတရာ ခံစားချက် တစ်ခု ဖြစ်စေခဲ့ပါတယ်။ နောက် သူက သူ့ယောက်ျားကို ကိုရေ.. ၁၇ပွဲတဲ့ ပါဆယ်.. ဆိုပြီး မြိတ်သံ အပြည့်နှင့်ပင် လှမ်းအော်ပြောကာ ထမကရုံ တမယ် ပျော်ရွှင်ပြီး ကျွန်တော်တို့ကို ပြန်လာမလား စောင့်မလား နာရီဝက်လောက် ကြာမယ် ဘာညာ ပြောတာပေါ့။ ကျွန်တော်တို့က စောင့်မယ် ဆိုတော့ အအေးတိုက်တယ်လေ။

ချက်ချင်းပဲ သူတို့ အတွက် လိုအပ်မယ့် အရာအချို့ ကို ပြေးဝယ်ပြီး တကယ့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေး ကြရှာပါတယ်။ ယောက်ျားဖြစ်သူက ပြုံးပြုံး ပြုံးပြုံး ကြော်လှော်နေချိန်မှာ မိန်းမ လုပ်သူက လိုအပ်တာ အကုန် ဘေးကနေ ၀ိုင်းကူပေးတယ်လေ။ ပွဲကများတော့ အတော်လေး ကြာကြာ ထိုင်စောင့်လိုက်ရပြီး နောက်ဆုံး ပွဲ၂၀ (နောက် ၃ပွဲ ထပ်မှာဖြစ်ခဲ့) ပြီးချိန်မှာတော့ အချိန်က ၂နာရီတောင် ထိုးလုနီး တော့မယ်လေ။

ညနေ ရောက်တော့ ကျွန်တော် သူတို့ ဆိုင်ကို ထပ်သွား ဖြစ်ခဲ့သေးတယ်။ အိမ်က မိသားစုတွေ စားဖို့ ထပ်ဝယ် ဖြစ်တာပေါ့။ မနက်ကလောက် အများကြီး မ၀ယ်ဖြစ်ပေမယ့် ၉ပွဲလို့ မှာတော့ သူ (ထိုမိန်းမ) တစ်ချက်တွေ သွားတယ်။ ကျွန်တော်က ဘာလဲ မလောက်တော့ဘူးလား မေးတော့.. မဟုတ်ဘူး လောက်ပါတယ်တဲ့။ ဒါဆို... လို့ ထပ်ပြောတော့.. ဒီလိုလုပ်လေတဲ့ ကြက်သား နည်းနည်း ရောလိုက်မယ်လေတဲ့... အသားတွေ အများကြီး ပိုထည့် ပေးပါ့မယ်တဲ့... ပင်လယ်စာ သိပ်မကျန် တော့လို့ မရမက ညှိနေရှာတယ်လေ... ဒါဆိုလည်း လုပ်ပါလို့ ပြောတော့မှ မနက်ကလိုပဲ အပြုံးတွေကို တစ်ခါ ထပ်မြင်လိုက်ရပါတယ်။ တက်တက်ကြွကြွနဲ့ လင်မယား နှစ်ယောက် စီးပွားအတူ လုပ်နေကြတဲ့ သူတို့နှစ်ဦးကို ထိုင်ကြည့်ရင်း ကျွန်တော် အတွေးတွေ အများကြီး ခရီးရောက် ခဲ့ရပါတယ်။ နောက်ဆုံး သူတို့ဆိုင်က ထွက်တော့ မနက်ကလိုပဲ ကျေးဇူး... အများကြီး... တင်ပါတယ် လို့ တစ်လုံးချင်း ပြောပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေ ရှာတယ်လေ။ ဒါက မနေ့က မွေးနေ့မှာ ကြုံခဲ့ရတဲ့ ကတ်ကြေးကိုက် အကြောင်းတွေပေါ့...။

x x x

ကော့သောင်းမှာ ရှိစဉ်ကဆိုရင် လမ်းဘေးက ကတ်ကြေးကိုက် ဆိုင်တွေဆိုတာ ပေါမှပေါ။ ခဏခဏ ၀ယ်စားဖြစ်တယ်လေ။ အစ်ကို အကြီးဆုံး ဖြစ်သူကတော့ ဂိတ်ဆုံးဆိုတဲ့ အစပ်မျိုးနဲ့ စားတတ်သူမို့ ကတ်ကြေးကိုက်သယ် ကုလားကြီးက သူ့အတွက်ဆိုရင် အစပ်ဆုံး လုပ်ပေးလေ့ ရှိတယ်လေ။ ငယ်ငယ်တုန်းက အကြောင်းတွေ သိပ်မမှတ်မိတော့ ပေမယ့် အဲ့ဒီ ဘုရင့်နောင် ရပ်ကွက် လမ်းဘေးသယ် ကုလားကြီးကိုတော့ ဘာလို့လည်း မသိဘူး မှတ်မိနေတယ်။

ကျွန်တော့်မှာ အစ်ကို နှစ်ယောက်နဲ့ ညီတစ်ယောက် ရှိတယ်။ ညီအစ်ကို လေးယောက်စလုံး ကတ်ကြေးကိုက် ကြိုက်ကြတယ်လေ။ ကြိုက်တယ်ဆိုတာက တော်ရုံ ကြိုက်တာမျိုး မဟုတ်ဘူး။ အတော်လေးကို ကြိုက်ကြတာ။ တစ်နေ့ ညီအစ်ကို လေးယောက် ရန်ကုန်က မောင်တိတ် ကတ်ကြေးကိုက်ဆိုင် (ဘောင်ဒရီက ဆိုင်) ကို ထမင်းစားချိန် နေ့လည်ခင်း ရောက်သွားတယ်လေ။ အဲ့ဒါနဲ့ ပွဲကြီးတစ်ပွဲ မှာစားကြတော့ လေးယောက်သား အလုအယက် မစားရုံ တမယ်ပါပဲ။ ခဏလေးနဲ့ ပွဲကြီးတစ်ပွဲက ပြောင်သွားပါလေရော... (ဒါ အစားကြီးတဲ့ သူတွေ၊ အစားမြန်တဲ့ သူတွေကြောင့်လည်း ပါတာပေါ့နော်...) ဒါနဲ့ အာသာ မပြေသေးတဲ့ ညီအစ်ကို လေးယောက် ဘာလုပ်ကြတယ် မှတ်လဲ။ ဟိုး ဖားကန့်မှာ ရှိတဲ့ အဖေနဲ့ အမေဆီကို ဖုန်းဆက်တယ်။ အမေနဲ့ တွေ့တော့ ဟဲဟဲ. မောင်တိတ်ဆိုင်မှာ ကတ်ကြေးကိုက် လာစား နေကြတယ်ပေါ့။ ပြီးလည်း ပြီးရော စကားရော ဖောရောနဲ့ ကတ်ကြေးကိုက် တစ်ပွဲတည်း စားရတာ အားမရလို့ နောက်တစ်ပွဲ ထပ်စားချင်တာ အမေတို့ ကျွေးမလားလို့ လှမ်းမေးတာလေ... မာတာမိခင် အမေ့ခမြာ မနေသာဘဲ စားကြပါ.. စားကြပါ ဆိုတော့ စားပွဲထိုးကိုခေါ် နောက်ထပ် တစ်ပွဲ အမြန်မှာပြီး ပွဲကြီးတစ်ပွဲ ထပ်ကြိတ် လိုက်ကြသေးတာကို မနေ့ညက အိမ်မှာ ကတ်ကြေးကိုက် စားကြရင်း ညီအစ်ကိုတွေ အားရပါးရ ပြန်ပြောင်း ပြောဖြစ် ခဲ့ကြသေးတယ်။ ညီအစ်ကို လေးယောက် စလုံးတော့ မဟုတ်ဘူးလေ။ သုံးယောက်တည်း...။

ဒါပေမယ့် အားလုံး စားပြီးသွားချိန်မှာတော့ တစ်ယောက် နှစ်ပွဲ စားလိုက်ကြတဲ့ ညီဖြစ်သူနဲ့ အစ်ကိုဖြစ်သူ နှစ်ယောက် သူတို့ရဲ့ ဗိုက်ပူပူကြီး တွေကို လှန်ပြီး ပက်လက်လှန် လှဲချကာ ဘယ်သူ့ဗိုက် ပိုပူလဲဆိုပြီး အငြင်းပွားနေကြပုံကို မြင်ယောင်ရင်း...

မိုးဝေ
၃း၁၀ ဇူလိုင် ၂၃ ၂၀၀၉

Comments (15)

Subscribe to this comment's feed
...
0
အဲဒီဆိုင်နာမည်က ရွှေဥသြ လား??
Toe Toe , March 09, 2010
...
0
ဘိတ် ကတ်ကြေးကိုက် ဆိုတဲ့ ဆိုင်းဘုတ်မြင်တိုင်း ..
ကိုမိုးဝေကို ပြေးပြေး သတိရတယ် .. ၀ယ်များ ကျွေးမလားလို့ပါ .. :P
paradise , January 22, 2010
...
0
အကို့ Birthday လား... အော်
Happy Birthday ပါအကို။
lawlawsal , July 25, 2009 | url
...
0
Happy Birthday :D
phoechan , July 25, 2009 | url
...
0
အဲ.. မိုးရေ..
အဲဒိ လင်မယားက မားသားကြီးငယ်ငယ်က စာသင်ပေးထားတဲ့ ကလေးတွေတဲ့ကွ။
ဟာဟ
ဇေယျာ , July 24, 2009
...
0
မိုးဝေရေ ကြော်ငြာကောင်းလို့ ဒီနေ့ ကို ဘိတ်ကပ်ကြေးကိုက် ပြေးပြီး စားလိုက်သေးတယ်။ ကံဆိုးချင်တော့ တော်တော်ခြာတဲ့ ကပ်ကြေးကိုက်နဲ့ တိုးတယ်လေ။ ကပ်ကြေးကိုက်လို့မှာတာ ဆိုင်ရှင်က ဘာသားနဲ့ စားမှာလဲတဲ့။ ကြက်လား၊ ၀က်လား၊ Sea food လားတဲ့လေ။ Sea Food ဆိုပြီး မှာလိုက်တယ်လေ။ ရောက်လာတော့ အဲထဲမှာ ဆားတွေ အပွင့်လိုက်ပါလာတယ်။ မပျော်ဘူး။ ငံလိုက်တာနော်။
Thant Zin Oo , July 24, 2009
...
0
စားချင်လိုက်တာ... ပြန်လာမှ ကိုမိုးဝေရေးထားတဲ့ သူတို့လင်မယားဆီမှာ သွားစားရမယ်..
ကတ်ကြီးကိုက်ကြိုက်တာရယ်.. I just want to meet with them after reading this. I am also imagaing their happy faces :) and it makes me happy too. Miss all of you so much!!
Zin Mon , July 23, 2009
...
0
I like kat kyee kit also. btw apart from public party for office and family.. is there any private party with we_know_who? :P kat kyee kit also?? :P hehehe
luki , July 23, 2009 | url
...
0
တစ်ယောက် ဖိုးကျော်ပဲ ဖြစ်မယ်။
ရွှေမိုးသည်း , July 23, 2009
...
0
နှစ်ယောက်မှာ တစ်ယောက်က ဖိုးကျော်ပဲ ဖြစ်ရမယ်။ :P
ရွှေမိုးသည်း , July 23, 2009
...
0
ဟာဂျာ ဘာတွေ လျှောက်ရေးထားလည်း မသိဘူး ရှက်စရာကြီး ဟိဟိ
ဖိုးကျော် , July 23, 2009
...
0
ဲမြင်သာမြင်ရ.. မကြင်ရပါလား..
ကျွေးလည်းကျွေးဘူး.. သူများတွေတော့ ဗိုက်တွေကားလို့ ဆိုပဲ..
haynwe , July 23, 2009
...
0
ဆင်ပုပ် , July 23, 2009 | url
...
0
ဘယ်သူတွေတုန်း..ကိုစည်နဲ့ ကိုဖိုးကျော်ပဲ ဖြစ်မယ်ထင်တယ်..
ora , July 23, 2009
...
0
ညီဖြစ်သူနဲ့ အစ်ကိုဖြစ်သူ နှစ်ယောက် သူတို့ရဲ့ ဗိုက်ပူပူကြီး တွေကို လှန်ပြီး ပက်လက်လှန် လှဲချကာ ဘယ်သူ့ဗိုက် ပိုပူလဲဆိုပြီး အငြင်းပွားနေကြပုံကို မြင်ယောင်ရင်း... ကျနော်လဲ ဘယ်တော့ ဗိုက်ပူမလဲလို့ စဉ်းစားနေမိပါတော့တယ်။

မိုးဝေ
:P
ဇေယျာ , July 23, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday29
mod_vvisit_counterYesterday50
mod_vvisit_counterThis week29
mod_vvisit_counterThis month248
mod_vvisit_counterAll19661

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...