Latest Comments

၂၀၁၀ ကမ္ဘာ့ဖလား အကြို ဘောလုံး ပရိသတ်များရဲ့ ရင်ခုန်သံများ

"၄နှစ်တောင် စောင့်ခဲ့ရတာ ဆိုတော့ စိတ်လှုပ်ရှားမှုက ပြောမပြ တတ်အောင်ပါပဲ။ အင်္ဂလန် အသင်း အတွက် စိတ်လှုပ်ရှားရင်း အားရပါးရ အားပေးသွားမှာ" လို့ ဆိုလာသူက ရုံးက ညီမငယ် တစ်ယောက်။ မန်ယူ အသင်းရဲ့ အမာခံ ပရိသတ် တစ်ယောက်လည်း ဖြစ်တဲ့ သူမက လာမယ့် ကမ္ဘာ့ဖလား ပွဲတွေကို အိမ်မှာ မောင်တွေ၊ ဦးလေးတွေနဲ့ အတူ အင်တိုက်အားတိုက် အားပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

၎နှစ်မှာမှ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကမ္ဘာ့ အကောင်းဆုံး နိုင်ငံ အသင်းတွေ၊ တကယ့် ဒိတ်ဒိတ်ကျဲ အသင်းတွေ၊ ကစားသမား တွေချည်း ယှဉ်ပြိုင် ကြတာက တစ်ကြောင်း၊ တစ်လကြာ အချိန်လေး အတွင်းမှာ နေ့ရက်တိုင်း လိုလို ပွဲတွေ ဆက်တိုက်ကန်ပြီး ဘယ်သူ ချန်ပီယံ ဖြစ်မလဲ ဆိုတာ မြန်မြန်ဆန်ဆန် အဖြေ ပေါ်တာက တစ်ကြောင်း၊ ရုပ်သံ မီဒီယာတွေ အားလုံးကလည်း ဦးစားပေး နံပါတ်တစ် အဖြစ် ဖော်ပြခြင်း ခံရတာက တစ်ကြောင်း၊ အကြောင်း အမျိုးမျိုး တွေကြောင့် ကမ္ဘာ့ဖလား ဆိုတာက မြန်မာတွေတင် မကဘဲ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ နာမည်ကျော် ပြိုင်ပွဲကြီး တစ်ခု၊ ဂုဏ်သိက္ခာ ကြီးမားတဲ့ ပြိုင်ပွဲကြီး တစ်ခု အဖြစ် ဒီနေ့ထိတိုင် ရပ်တည် နေနိုင်ခဲ့တာပါ။

အခု လာမယ့် တောင်အာဖရိက ၂၀၁၀ ကမ္ဘာ့ဖလား ပွဲမှာလည်း ပရိသတ်တွေ အကုန်လုံး တလှုပ်လှုပ် တရွရွှနဲ့ ဘယ်အသင်း ဗိုလ်စွဲမလဲ၊ ဘယ်အသင်းတွေ ဖိုင်နယ် ရောက်မလဲ၊ ဘယ်သူက ဂိုးသွင်းဘုရင် ဖြစ်မှာလဲ ဆိုတဲ့ မေးခွန်းပေါင်း များစွာနဲ့ အတူ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ပြောကြ ဆိုကြနဲ့ပါ။ ဒါပေမယ့် အာလုံးက စောင့်မျှော်နေတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဆိုတာက လာမယ့် ရက်ပိုင်း အတွင်းမှာပဲ စပြီး ကျင်းပ တော့မှာပါ။ ဒီလိုနဲ့ စာရေးသူလည်း လက်လှမ်းမီ သလောက် ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကို လိုက်လံ မေးမြန်း ဖြစ်ခဲ့ပါတယ်။

 

မင်္ဂလာ ရှိသော နှစ်သစ် ဖြစ်ပါစေ

စည်းဝါးက ကိုက်သည်။ ကြိုတင်၍ အကတိုက် ထားခြင်း မရှိသော်လည်း ကကြိုးကကွက် များမှာ ဟန်ချက် ညီလှသည်။ သင်္ကြန် အတက်နေ့ နောက်ဆုံးနေ့ နောက်ဆုံး အချိန် ညဘက်ပိုင်းတွင် ရပ်ကွက်တွင်း တစ်နေရာ၌ သူတို့အဖွဲ့ သီချင်းသံ ကျယ်ကျယ်နှင့် အတူ အော်ဟစ် ကခုန် နေကြခြင်း ဖြစ်သည်။ တချို့ဆို အထက် အင်္ကျီပင် မပါ၊ ပုဆိုး ခါးတောင်းကြိုက်လျှက်။

ရွှဲရွှဲ စိုနေသည့် သူတို့ အကအဖွဲ့အား အခြား တစ်ဦးက ရေပိုက်ဖြင့် အဆက်မပြတ် ပက်ဖြန်း ပေးခြင်းဖြင့် ဆက်၍ ရွှဲရွှဲစိုနေ စေပြန်သည်။ ရပ်ကွက်သူ ရပ်ကွက်သား အပေါင်းတို့မှာ ထိုသူတစ်စု၏ ကခုန် အော်ဟစ်သံများအား စိတ်ဝင်တစားဖြင့် ၀ရန်တာ ကိုယ်စီမှ ထွက်ကြည့် ကြသည်။ သို့သော် တစ်နေကုန် ဆူညံ အော်ဟစ် ကခုန်နေခဲ့သည့် သူတို့အား ကြာတော့ စိတ်ကုန် လာကြသည်။ တချို့သော သူများကမူ ရံဖန်ရံခါမှ ခေါင်းများ ပြူထွက် လာကြကာ စူးစမ်းကြသည်။ သူတို့ အဖွဲ့မှာလည်း ရံဖန်ရံခါတွင် အသံများ ပိုပို၍ပင် ကျယ်လာခဲ့သည်။ သူတို့သည် သီချင်း တစ်ပုဒ်တည်းကိုသာ ဆက်တိုက် ဖွင့်ကာ လိုက်ပါ သီဆို ကခုန်နေကြခြင်း ဖြစ်သည်။ သီချင်းမှာကား "ဟာ သွားပြီ သွားပြီ အိုးလေးကွဲသွားပြီ" ဟူ၍။
 

မုန်းတီးမိတဲ့ နေ့ရက်များ

ခါးတယ် ခါးသီးတယ်...
ဘ၀တစ်ခုကို ပိုင်ဆိုင် ထားရလို့တဲ့...

ကိုယ့်ထက် ပိုဆိုးတဲ့ သူတွေက ပြောလိမ့်မယ်
ဒါကိုများ စာဖွဲ့နေတယ်လို့...
ကိုယ့်ထက် အဆင်ပြေတဲ့ သူက ကဲ့ရဲ့လိမ့်မယ်
ဒါလေးတောင် မရင်ဆိုင် နိုင်ဘူးလားတဲ့...
 

ကာလာဘလိုင်း @ Gr8 နှင့် ကျွန်တော်

ဒီ အကြောင်းအရာက လွန်ခဲ့တဲ့ တစ်နှစ် တိတိက ကျွန်တော် ရေးခဲ့တဲ့ အကြောင်းအရာ တစ်ခုပေါ့။ အခု တစ်နှစ်ကြာခဲ့ပြီလေ။ အခုဆို အစ်မ ကာလာဘလိုင်းလည်း ၂၉နှစ် ပြည့်ခဲ့ပြီ။ အစ်မရဲ့ အသက် တစ်နှစ် ကြီးသွား သလိုပါပဲ။ ပြောင်းလဲ သွားတဲ့ အကြောင်းအရာ တွေလည်း ရှိခဲ့ပါတယ်။ အထူးခြားဆုံး ပြောင်းလဲမှုကို ပြပါ ဆိုရင်တော့ ကျွန်တော်တို့ လီဗာပူးလ် ဖန်ဆိုဒ်လေးက www.myanmarkops.com ဆိုပြီး အသစ်လေး တစ်ခု ဖြစ်သွား ခဲ့တယ်လေ... နောက်တစ်ခု ပြောင်းလဲ သွားတာက အရင် ဒီဆောင်းပါးကို တင်ထားတာက ကျွန်တော့်ရဲ့ ဘလော့ဂ် အဟောင်းလေးမှာပါ။ အခု အသစ်မှာ တစ်ခါမှ မတင်ဖူးသေးပါဘူး။ ဒါကြောင့်လည်း အခုလို ပြန်ပြီး ဖော်ပြပေးခဲ့တာပါ။

ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ အစ်မရေ...
 

ရွှေလိုဥနေသည်မို့ ရွှေတုဟု ခေါ်သည်

အင်္ဂလိပ်တွေ မြန်မာပြည်ကို အုပ်စိုးချုပ်ကိုင် ထားချိန်မှာ သူ့ကိုမွေးတော့ အသားအရောင်က ရွှေလို ဥနေတာကြောင့် အားလုံးက သူ့ကို ရွှေတုလို့ပဲ ချစ်စနိုးနဲ့ ခေါ်တွင် ခဲ့ကြတယ်။ ဒီလိုနဲ့ မရည်ရွယ်ဘဲ အမည်အရင်းပါ ရွှေတု ဖြစ်လာခဲ့တယ်။ ညီအစ်မ ၃ယောက် ရှိတဲ့ သူတို့ တတွေ ငယ်ငယ်က အတော်လေး ပြည့်စုံ ချမ်းသာခဲ့ပြီး မိဘတွေ မရှိတော့တဲ့နောက် စစ်ကြီးရဲ့ ဘေးတွေ ဒုက္ခတွေ အမျိုးမျိုး ကြားမှာ ညီအစ်မတွေ ဓါးပြဒဏ်၊ လူလိမ်ဒဏ်နဲ့ ဘေးဒုက္ခပေါင်း မျိုးစုံကြားမှာ မိဘတွေ ထားခဲ့သမျှ ကြွယ်ဝမှု မှန်သမျှ တစ်ဆထက် တစ်ဆ လျော့နည်း ခဲ့တယ်လေ။ ဒီတော့လည်း သူတို့ ၃ယောက်က ငါတို့နဲ့ မထိုက်လို့ပါ ဆိုတဲ့ အတွေးနဲ့ပဲ ဘ၀ကို ဆက်လက် ဖြတ်သန်း ခဲ့ကြတယ်။ အခုတော့ အစ်မဖြစ်သူ ၂ယောက်လုံး ဆုံးပါး ခဲ့ရပြီးနောက် သူပဲ ကျန်နေခဲ့တာ နှစ်တောင် မနည်းလှတော့ပါဘူး။

x x x

သူ့မှာ သားတစ်ယောက် ရှိတယ်။ မုဆိုးမ ဘ၀နဲ့ပဲ သူ့သားကို ဆရာဝန် တစ်ယောက် ဖြစ်လာအောင် ကျွေးမွေးပြုစု ပျိုးထောင် နိုင်ခဲ့တယ်။ သားဖြစ်သူ တာဝန်ကျသမျှ နေရာမှန်သမျှ အတူ လိုက်နေတယ်။ အမေတစ်ခု သားတစ်ခုမို့ သူတို့ အမြဲလို အတူနေ ခဲ့ကြတယ်။ ဒါပေမယ့် တစ်နေ့ သားဖြစ်သူက ဝေးလံပြီး ရာသီဥတု ကြမ်းတမ်းတဲ့ ဒေသ တစ်ခုမှာ တာဝန်ကျတော့ သူက အသက် အရွယ်လည်း ရနေပြီမို့ မြို့မှာပဲ မြေး ၄ယောက်နဲ့ အတူ နေကျန်ရစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀နှစ် ကတည်းက သူနဲ့ သူ့သား ခွဲခွါပြီး အတူ မနေနိုင် ခဲ့ပေမယ့် သားဖြစ်သူက တစ်နှစ်ကို တစ်ကြိမ်တန်သည်၊ နှစ်ကြိမ်တန် သည်တော့ မြို့ကို အရောက် ပြန်လာတာကြောင့် လုံးဝ မတွေ့ရတာ မျိုးတော့ မဟုတ်ခဲ့ပါဘူး။ အစပိုင်းက ဖုန်းအဆက် အသွယ်တောင် အတော်လေး ခက်ခဲလွန်းတာကြောင့် သူတို့ စကားတောင် ပြောခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆက်သွယ်ရေးတွေ ပိုပြီးကောင်း လာခဲ့တာကြောင့် လွယ်လွယ်ပဲ ဆက်သွယ် ပြောဆို နိုင်လာ ကြတယ်လေ။

x x x

မြေး ၄ယောက်နဲ့ နေရတဲ့ အဘွားရဲ့ အဖြစ်ကို စဉ်းစားကြည့်ပေါ့။ ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာ။ ဒါပေမယ့် အခုတော့ မြေး ၂ယောက်က အိမ်ထောင် ပြုသွားတော့ မြစ် ၂ယောက်တောင် ရနေခဲ့ ပြန်ပြီလေ။ ဟိုတစ်နေ့က ကျွန်တော် ရုံးကအပြန် သူ့အတွက် ရှမ်းခေါက်ဆွဲ ၀ယ်သွားပြီး စားမလား မေးတော့ စားမှာပေါ့တဲ့။ စားပွဲမှာ အကျအန ထိုင်ပြီး စားမယ် လုပ်နေကာမှ တစ်လုတ်တောင် ကောင်းကောင်း ဗိုက်ထဲ မရောက်သေးဘူး မူးမိုက်ပြီး ခေါင်းက ငိုက်စိုက် ကျသွားတယ်လေ။ ကျွန်တော်နဲ့ ညီလုပ်သူရယ်၊ မရီး လုပ်သူရယ်၊ နောက် အဖွား အဖော်ရအောင် လာနေပေးတဲ့ အစ်မရယ် အားလုံး ပြာပြာသလဲ ဖြစ်ကုန် တော့တာပေါ့။ သွေးတိုင်းကြည့်တော့ သွေးတိုးနေတာ သိရတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ လူကြီးဆိုတော့ တစ်ခါတလေ ဖြစ်နေကျ အတိုင်းပဲ အားပြတ်သွားတာ နေမှာပါ။
 

အိပ်မက်ကမ္ဘာ

မရေးတတ် ရေးတတ်နဲ့
မတီးတတ် တီးတတ်တီးကာ
မဆိုတတ် ဆိုတတ်နဲ့ ဆိုထားပြီး
မသွင်းတတ် သွင်းတတ် သွင်းထားရတဲ့
ရင်ခုန်သံပိန်ပိန်..
အသံက မှိန်မှိန်နဲ့..
မကြားတကြားဖြစ်နေတဲ့
သီချင်းလေးတစ်ပုဒ်ပါ…
 

အပြောင်းအလဲများတဲ့ မိုးဝေ

အဓိက အကြောင်းအရာ ဘာတစ်ခုမှ မပြောင်းလဲ ခဲ့ပေမယ့် စတိုင်အသစ် မလိုင်အသစ်နဲ့ ဘလော့အသစ် ကလေးကတော့ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ မေဒေးနေ့မှာ စတင် ဖြစ်လိုက်ပြန်ပါပြီ။

တကယ်တော့ လှမယ် အထင်နဲ့ အပြတ် ကစ်ပလိုက်တဲ့ ပြီးခဲ့တဲ့ ဘလော့ဂ် ကလေးက တော်တော်လေး မှောင်မဲနေပြီး စာဖတ်လို့ မကောင်းတာကို နောက်မှပဲ သိလိုက် ရတာကြောင့် အခုလို အသစ်တစ်ခု ထပ်လုပ် ဖြစ်ခဲ့တာပါ။ အားခဲ ထားတာလည်း ကြာလှပါပြီ။ ဒီကြားထဲ အလုပ်ကလည်း တော်တော်လေး မအားဘူး ဖြစ်နေတာနဲ့ နောက်ပြီး ကိုယ်တိုင်ကလည်း အားမစိုက်ဖြစ်တာ (ပျင်းတာ)လည်း ပါတာပေါ့နော်... မလုပ်ဖြစ် မတင်ဖြစ်ခဲ့တာပါ။
 

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday39
mod_vvisit_counterYesterday50
mod_vvisit_counterThis week39
mod_vvisit_counterThis month258
mod_vvisit_counterAll19671

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...